ပရိသတ်ကြီးရေ အနုပညာလောကမှာ လူကြီး၊ လူငယ်မရွေး သဘောကျအားပေးချစ်ခင်ရတဲ့ အကယ်ဒမီ မြင့်မြတ် နဲ့ သားလေး မြတ်သူ တို့က ယနေ့မှာ မင်္ဂလာရှိတဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်နော်..။ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်ကာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ စွယ်စုံရ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မြင့်မြတ် ကတော့ ဘယ်လိုဇာတ်ရုပ်တွေကိုမဆို သဘာဝကျကျ ပီပြင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ် ။

Photo Credit - Myat Wai Tun's fb account
Photo Credit - Myat Wai Tun's fb account

လက်ရှိမှာတော့ မြင့်မြတ် ရဲ့ သားလေး မြတ်သူလေးကလည်း တစ်နေ့တခြား ဖေဖေ နဲ့ တူလာပြီး ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေရဲ့ ချစ်အားပိုနေရသူလေးပဲဖြစ်ပါတယ်။ သားလေး မြတ်သူ လေးကို ပရိသတ်တွေအမြဲချစ်အားပိုအောင် နေ့စဉ်လှုပ်ရှားပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း ဖေဖေမြင့်မြတ် က သားလေး မြတ်သူ မွေးနေ့မတိုင်ခင်လေးမှာ ပျော်စရာလေးတွေ ဖန်တီးပေးခဲ့တာလေးကို ပရိသတ်တွေအတွက် live လွှင့် ခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

Photo Credit - Myat Wai Tun's fb account
Photo Credit - Myat Wai Tun's fb account

ဒီ ဗီဒီယိုလေးထဲမှာဆိုရင် သားလေးမြတ်သူ က ကစားကွင်းထဲမှာ အခြားသူငယ်ချင်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းလောက်ပါတယ်နော်။ ပရိသတ်တွေလည်း မြတ်သူလေး စိတ်လွတ်ကိုယ်လွတ် ဆော့ကစားနေတာကို ချစ်အားပိုမယ်လို့လည်း မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယနေ့မှာကျရောက်တဲ့ အကယ်ဒမီ မြင့်မြတ်တို့ သားအဖနှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးရင်း မြတ်သူလေး ဆော့ကစားနေတဲ့ ဗီဒီယိုလေးကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Myat Wai Tun's fb account

Source -Myat Wai Tun's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။