အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီးရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကာ အနုပညာလောကမှာ အတူတူလျှောက်လှမ်းနေကြတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ချစ်သူသက်တမ်း ( ၈ ) နှစ်ကျော်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ မလျော့ဘဲ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Thandar Bo's Facebook Account
Photo Crd - Thandar Bo's Facebook Account
Photo Crd - Thandar Bo's Facebook Account

ကောင်းပြည့်တို့ အတွဲလေးဟာ ဘာသာရေးလည်း ကိုင်းရှိုင်းကြပြီး မကြာခဏ ဆိုသလို အလှူလေးတွေ အတူတူ ပြုလုပ်လေ့ရှိကြတာလည်း ဖြစ်ပါတယ်။ သူတို့အတွဲလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလျက်ရှိပြီး အားလုံးကလည်း ကောင်းပြည့်တို့ စုံတွဲလေးကို ကြည့်ကာ ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သန္တာဗိုလ်ရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Thandar Bo's Facebook Account
Photo Crd - Thandar Bo's Instagram Account
Photo Crd - Thandar Bo's Instagram Account

ဒါကတော့ Effect နဲ့ မိန်းကလေးပုံစံပြောင်းကာ ချစ်သူ သန္တာဗိုလ်ရဲ့ ဆေးထိုးစနောက်ခြင်းကို ခံလိုက်ရတဲ့ ကောင်းပြည့်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲလိုလို ဆေးထိုးစနောက်နေကြတာဟာလည်း မြင်ရသူတိုင်းကို အပျော်လေးတွေ ကူးစက်စေမှာ အသေချာပါပဲနော်။ ပရိသတ်တွေအတွက် ကောင်းပြည့်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thandar Bo's Instagram and Facebook  Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။