ဂိမ်းတော်တော်များများမှာ ပါဝင်တဲ့ Hero တွေဟာဆိုရင် တစ်ယောက်မဟုတ်တစ်ယောက်ရဲ့ Character Design ဒါမှမဟုတ် နာမည်စတာတွေကို ယူလေ့ရှိပါတယ်။ Hero တိုင်းတော့ အဲ့ဒီလိုမျိုးကြီး အပြင်မှာရှိတဲ့ သူတွေရဲ့ နာမည် ဒီဇိုင်းကို ယူသုံးလေ့မရှိပါဘူး။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပြုလုပ်ကြတဲ့ Hero တွေလဲများစွာရှိပါတယ်။ Mobile Legends ဟာဆိုရင်လဲ အဲ့လိုမျိုး ဂိမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ အပြင်မှာရှိခဲ့တဲ့ Character တွေ သမိုင်းထဲကသူတွေ စသဖြင့် ယူဆောင်လေ့ရှိပါတယ်။
ခုဆိုရင်လဲ ပရိသတ်ကြီးအားလုံး Lancelot နဲ့ Guinevere ကို သိရှိကြမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်က ဂိမ်းထဲမှာတော့ မောင်နှမတွေဆိုပေမယ့် ဒဏ္ဍာရီထဲမှာတော့ သူတို့ရဲ့ဇာတ်လမ်းက ရှုပ်ထွေးပါတယ်။ အရင်ဆုံး Guinevere ရဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။ Guinevere ဟာဆိုရင် Arthurian ဒဏ္ဍာရီထဲမှာ King Arthur ( အာသာဘုရင် ) ရဲ့ ဘုရင်မဖြစ်ပါတယ်။ သူကတော့ ၁၂ရာစုမှာ ရေးသားခဲ့တဲ့ British သမိုင်းထဲမှာ စတင်ပါဝင်လာခဲ့ပြီး ယနေ့တိုင် Popular ဖြစ်နေတုန်း Character ပါပဲ။ နောက်ပိုင်အလယ်ခေတ် အချစ်ဇာတ်လမ်းတွေထဲက အထင်ရှားဆုံး Story ကတော့ Guinevere ရဲ့ ကြေကွဲဖွယ် ချစ်ခြင်းမေတ္တာကိစ္စပဲဖြစ်ပါတယ်။
ကြေကွဲဖွယ် ချစ်ခြင်းမေတ္တာကိစ္စကတော့ Guinevere ဟာ သူယောက်ျားဖြစ်သူ King Arthur ရဲ့ သူငယ်ချင်းလဲဖြစ်သလို သူရဲကောင်းလဲဖြစ်တဲ့ Lancelot နဲ့ ချစ်ကြိုက်မိတာပဲဖြစ်ပါတယ်။ အဲ့ဒီကနေဘာတွေဖြစ်သွားလဲဆိုတော့ အာသာ ဘုရင်သေဆုံးရခြင်းနဲ့ တခြားသောသူတွေသေဆုံးသွားရတဲ့အပြင် Kingdom တစ်ခုလုံးပျက်စီးသွားရတဲ့အထိပါပဲ။ ဒီဇာတ်လမ်းကတော့ Chrétien de Troyes's Lancelot, the Knight of the Cart ပါဝင်ခဲ့ပြီးနောက် ၁၃ရာစုမှာတော့ Lancelot-Grail အဓိကဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းဖြစ်ခဲ့ပါတယ်။
Lancelot ဟာဆိုရင် Arthur ရဲ့ Knights of the Round Table မှာပါဝင်တဲ့ သူရဲကောင်း ၁၃ ယောက်ထဲက ( Arthur အပါအဝင် ) တစ်ယောက်ဖြစ်ပါတယ်။ အဲ့အပြင် Lancelot ဟာ King Arthur ရဲ့ Greatest Champion နဲ့ Greatest Knight လဲဖြစ်ပါတယ်။ Lancelot ဟာမိဘမဲ့ဖြစ်ပေမယ့်လဲ King Ban ရဲ့သားဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Joyous Gard ရဲ့ အုပ်ချုပ်သူဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ Lancelot နဲ့ Guinevere တို့ချစ်ကြိုက်နေကြတာကို သိရှိသွားတဲ့အခါမှာ ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး King Arthur ရဲ့ Kingdom ကြီးပျောက်ကွယ် ပျက်စီးခဲ့ပါတယ်။ Lancelot မှာ Galahad ဆိုတဲ့ တရားမဝင် သားတစ်ယောက်ရှိခဲ့ပြီး Elaine နဲ့ရခဲ့တဲ့ ကလေးဖြစ်ပါတယ်။ ML ရဲ့ Story ထဲမှာတော့ Lancelot နဲ့ Guinevere တို့ကမောင်နှမဖြစ်ပေမယ့်လဲ ဒဏ္ဍာရီထဲမှာတော့ စစ်ကြီးဖြစ်ခဲ့ရတဲ့ထိ ရှုပ်ထွေးခဲ့ပါတယ်။
သတင်းအရင်းမြစ် Own Creation
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။