ပရိသတ်ကြီးရေ ဂီတလောကမှာ မြန်မာသံစဉ်တေးသီးချင်းလေးတွေနဲ့ အောင်မြင်မှုတွေကို ရယူပြီး နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့သူကတော့ အဆိုတော် မနော ပဲဖြစ်ပါတယ်။ သူထွက်ရှိခဲ့တဲ့ မြန်မာသံစဉ်သီချင်းလေးတွေကလည်း နားထောင်သူတွေရဲ့ ရင်ထဲကိုထိမှန်စေခဲ့တဲ့ တေးသီချင်းကောင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပရိသတ်တွေ သဘောကျကြိုက်နှစ်သတ်စေမယ့် သီချင်းကောင်းတွေကို ဖန်တီးနေပြီး မကြာခင် ချပြသွားမှာလည်းဖြစ်ပါတယ်။

Photo Credit - မနော Manaaw
Photo Credit - မနော Manaaw

မနော ကတော့ လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းလောက်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ မနော ဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့အပြင် တစ်ဖက်မှာလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မနောက သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကိုလည်း ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။

Photo Credit - မနော Manaaw
Photo Credit - မနော Manaaw

ယခုမှာဆိုရင်တော့ မနောက သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်ဖြစ်တဲ့ ဘုရားစေတီ ၊ ဘုရားဆင်းတုတော် တွေပြုလုပ်တဲ့ နေရာတွေကို ပရိသတ်တွေအတွက် လိုက်ပြပေးထားတဲ့ live ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းပုဆရာတစ်ယောက် က သင်ပေးထားတဲ့ အတတ်ပညာလေးနဲ့ ကိုယ်တိုင် ဘုရားဆင်းတုတော်ကို ပြုလုပ်နေတာကိုလည်း ပြသခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေလည်း မနော ရဲ့ Live ဗီဒီယိုလေးကို ကြည့်ခြင်းအားဖြင့် အသိပညာ ၊ ဗာဟုသုတ လေးတစ်ခုခုတော့ ရရှိမယ်လို့ ထင်မိပါတယ်နော်..။

Photo  & Video Credit - မနော Manaaw

Source - မနော Manaaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။