နာမည်ကြီးဖိလစ်ပိုင် Cat Walk King ဆိုပြီး ရေပန်းစားနေတဲ့ Sinon Loresca ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာ လူသိများအောင်မြင်နေတာ ဖြစ်ပါတယ်။ Sinon က မြန်မာနိုင်ငံကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေသလို သူတတ်နိုင်သလောက်လေး အလှူအတန်းတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ လေးစားချင်စရာကောင်းတဲ့ သူ့ရဲ့အပြုအမူလေးတွေကြောင့်လည်း အားလုံးက သူ့ကိုချစ်ခင်နေကြတာ ဖြစ်ပါတယ်။

Sinon က မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးအနုပညာရှင်တွေနဲ့ပါ အတူတူလက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ Sinon က အထင်ကရနေရာတော်တော်များများကိုလည်း သွားရောက်လည်ပတ်ခဲ့သေးတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း Sinon က ချောင်းသာကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး သူ့ရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ်။

Sinon က ကမ်းခြေမှာအပန်းဖြေနေရင်း အုန်းပင်ပေါ်တက်ပြီး အထာကျကျပို့စ်ပေးကာ ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်အမြင့်ကြီးကိုစီးထားတဲ့ Sinon က အုန်းသီးတစ်လုံးကိုလက်ကကိုင်ထားသလို အုန်းပင်ပေါ်ကနေ လုံးဝပြုတ်မကျအောင် ထိန်းထားနိုင်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖိလစ်ပိုင် Cat Walk King ဖြစ်တဲ့ Sinon Loresca ရဲ့ချောင်းသာကမ်းခြေရောက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။