ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်က တော့ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ သူမ ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

Photo Credit - Kyaw Shwe Min( Dior By Heart )
Photo Credit - Kyaw Shwe Min( Dior By Heart )

မေမြင့်မိုရ် ဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် အလှတရားတွေကြောင့် ပျိုမဒီလေးတွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကိုခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မေမြင့်မိုရ် က အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်စရာပုံရိပ်လေးတွေကို အမြဲဆိုသလို ပရိသတ်တွေအတွက် ဖော်ပြပေးလျက်ရှိပါတယ်။ ယခုတစ်ခါမှာလည်း မေမြင့်မိုရ်က ပရိသတ်တွေငေးမောသွားရလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Shwe Min( Dior By Heart )
Photo Credit - Kyaw Shwe Min( Dior By Heart )

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က ရှမ်းရိုးရာဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ ပန်းနုရောင်သန်းနေတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေ အသည်းယားအောင် ဖမ်းစားထားတဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ်ကတော့ " တောင်ပေါ်မြေကို ချစ်တဲ့ရှမ်းတိုင်းရင်းသူလေး" ဆိုပြီး ချစ်စရာကောင်းအောင်လည်း ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ တစ်မျိုးလေး လှသွေးကြွယ်ပြီး ရင်ခုန်စရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ မေမြင့်မိုရ် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Shwe Min( Dior By Heart )

Source - May Myint Mo fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။