အဆိုတော်စန္ဒီမြင့်လွင်ကတော့ အောင်မြင်လျက်ရှိနေတဲ့အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမိုက်စားသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကို လုက်ကိုင်လျက်ရှိနေပြီး သီချင်းအသစ်လေးတွေထွက်ရှိဖို့လည်း ကြိုးစားလျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို ခင်ပွန်းသည်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေသလိုမိသားစုကိုလည်း အချိန်အပြည့်အဝပေးလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

သူမရဲ့သမီးလေးဖြစ်တဲ့ Treasureကတော့ယခုမှာ အသည်းယားလောက်အောင် နှုတ်ခမ်းလေးကို တစ်ချိန်လုံးစူပြပြီး ဘေးနားကလူတွေကို မျက်နှာပြောင်ပြနေခဲ့ပါတယ်။ သူမကတော့ " အင်းထော်တက်ပါတယ်ဆိုမှ တစ်ချိန်လုံးထော်နေတော့တာပဲကလေးတိုင်းအဲ့လိုပဲလားတော့မသိထော်ထော်တုတ်အိပ်တော့မယ်နော် ပုံထော်ထော်တုတ် ဖိုတို ဒေါ်ဒေါ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်စန္ဒီမြင့်လွင်သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source -Khin Lin Htin - Treasure's FB page 

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။