ပရိသတ်ကြီးရေ မင်းသမီးချောလေး ရတနာဗိုလ်ဟာ အနုပညာလောကမှာ အကောင်းဆုံးကြိုးစားမှုတွေကြောင့် နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရတနာဗိုလ်ဟာရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင်  သူမရဲ့ ဇာတ်ကားတွေကလည်း ပရိသတ်ရဲ့အားပေးခြင်းခံရတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ ရတနာဗိုလ် ကတော့ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် body လေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပုရိသတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရတနာဗိုလ် က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း အမြဲဆန်းသစ်တဲ့ဖက်ရှင်တွေကို ဝတ်ဆင်တတ်ပြီး စမတ်ကျလွန်းတာကြောင့် ပျိုမဒီလေးတွေအရမ်းအားကျနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း ရတနာဗိုလ်က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ရတနာဗိုလ် က ပုရိသတွေ ရင်ခုန်သွားစေလောက်မယ့် အမိုက်စားပုံရိပ်လေးတွေတင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ရတနာဗိုလ်က အလန်းစားဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ပြီး အသည်းယားစရာအမူအရာလေးတွေ နဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့ အတူ ရတနာဗိုလ်က " ဒီမြေမှာမွေးတဲ့ ဗမာမလေး " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေချစ်အားပိုအောင်ဖမ်းစားထားတဲ့ ရတနာဗိုလ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Thu Win
Photo Credit - Kyaw Thu Win

Photo Credit - Kyaw Thu Win

Source - Yadanar Bo's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။