ပရိသတ်ကြီးရေ တက်သစ်စမင်းသမီးချောလေး ပိုးမမှီသာ ဟာ စိုင်းစိုင်းရဲ့ သင်္ဂါရ သီချင်းထဲမှာ သရုပ်ဆောင်ရင်း လူသိများလာခဲ့တဲ့ ဆေးကျောင်းသူမလေးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးမမှီသာက သရုပ်ဆောင်တစ်ယောက်အနေ နဲ့ အနုပညာလောကကို အကောင်းဆုံး လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။သူမဟာ ကြော်ငြာတွေကို များစွာရိုက်ကူးနေရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။

Photo Credit - Erika Chin
Photo Credit - Erika Chin

ပိုးမမှီသာ က ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်အားပိုနေရသူလေးပါနော်...။ ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်လေ့ရှိကာ ခေတ်ပေါ်ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ပိုးမမှီသာဟာ ပရိသတ်တွေအတွက် သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်...။

Photo Credit - Erika Chin
Photo Credit - Erika Chin

ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကိုဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချစ်စရာကောင်းနေတဲ့ ဆရာဝန်မလေး ပိုးမမှီသာ ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ ပိုးမမှီသာ လေးရဲ့ အမိုက်စား ပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Erika Chin
Photo Credit - Erika Chin

Photo Credit - Erika Chin

Source - Poe Mamhe Thar's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။