ပရိသတ်ကြီးရေ သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာလောကမှာ တစ်ခေတ်တခါက အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့သူပဲဖြစ်ပါတယ်။ ဘုန်းလျှံဟာ မကြာသေးမှီ က အကျဉ်းကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပြီး လက်ရှိမှာတော့ စိတ်သစ် ၊ ကိုယ်သစ် နဲ့ ဘဝကို အကောင်းဆုံးလျှောက်လှမ်းနေကာ ပရိသတ်တွေရဲ့ အချစ်တွေကို ပြန်လည်ရရှိအောင်လည်း ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit - Phone Hlan's fb account
Photo Credit - Phone Hlan's fb account

လတ်တလောမှာဆိုရင်လည်း အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေ အပြင် အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင်လည်း သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ဘုန်းလျှံ က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phone Hlan's fb account
Photo Credit - Phone Hlan's fb account

ဒီပုံလေးတွေကတော့ လှည်းကူးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို အိမ်ထောင်စု ၅၀ ကျော်အတွက် အခြေခံစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း ဘုန်းလျှံ က " ဒီနေ့စစ်ဘေးရှောင်စခန်းသွားလှူရတာ ပီတိဖြစ်လွန်းပါတယ်....ဝန်းရံအားဖြည့်ပေးကြတဲ့သူငယ်ချင်းမိတ်ဆွေတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ဗျာ....." ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တကယ့်ကို မွန်မြတ်တဲ့စိတ်ထားလေးနဲ့ လိုအပ်တဲ့ သူတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံ ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်....။

Photo Credit - Phone Hlan's fb account
Photo Credit - Phone Hlan's fb account

Photo Credit - Phone Hlan's fb account

Source -Phone Hlan's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။