တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့လက်တွဲနေကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြပါတယ်နော်။လင်းလင်းနဲ့ချစ်သုဝေတို့က စိတ်တူကိုယ်တူ၊ဝါသနာတူကြတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။ချစ်စရာသမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ ချစ်သုဝေတို့ရဲ့မိသားစုဘဝလေးက အရမ်းပဲအေးချမ်းပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

ချစ်သုဝေကတော့ ကြင်နာယုယပေးပြီး အားကိုးလို့ရတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာ ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်သုဝေတို့မိသားစုလေးကို အရမ်းချစ်ကြလို့ သူမတို့ရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်ပြီး အားကျနေကြတာဖြစ်ပါတယ်နော်။ဒီလလေးဟာဆိုရင်တော့ ချစ်သုဝေရဲ့မွေးလလေးဖြစ်ပြီး ဩဂုတ်(၁၀)ရက်နေ့မှာ မွေးနေ့ကျရောက်မှာဖြစ်ပါတယ်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

ချစ်သုဝေကတော့ သူမရဲ့မွေးလလေးမှာ အလှူအတန်းတွေကို ပျော်ပျော်ပါးပါးလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း"မွေးလ​လေးရဲ့ ဒုတိယ​မြောက်အလှူ..ဒီနှစ်​မွေး​လလေးမှာ လှူခွင့်ရတာမှန်သမျှအတွက် ကြည်နူးမဆုံးပဲ...ဒီလိုတွေလှူတန်းနိုင်အောင်ဘေးကနေပံ့ပိုးကူညီကြတဲ့သူ​ငယ်ချင်း​တွေရှိ​နေရတာလည်းကံ​ကောင်းခြင်းတစ်ပါးပဲ အလုပ်တွေလုပ်နိုင်စွမ်းအားရှိသရွေ့ သဒ္ဓါအားပိုတိုးလို့ လှူနိုင်တန်းနိုင်လှူချင်တန်းချင်​သောသူပဲဖြစ်ရပါလို၏"ဆိုပြီး ဒုတိယအလှူပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account
Photo Credit:Chit Thu Wai's Facebook Account

Source&Photo Credit:Chit Thu Wai's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။