MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့ပြီး အနုပညာလောကကို အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရတာ တွေ့ရပါတယ်။ ကျော်ထက်ဇော် ဟာ တည်ကြည်ခန့်ညားပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲချစ်နေရတဲ့ သူလည်းဖြစ်ပါတယ်။

Photo Credit - BoBo
Photo Credit - BoBo

လတ်တလောမှာတော့ ကပ်ရောဂါကြောင့် ခဏတာရပ်နားထားခဲ့ရတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်။မကြာခဏဆိုသလို ကျော်ထက်ဇော်ဟာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ကျော်ထက်ဇော် က လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် အမှတ်တရရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်နော်။

Photo Credit - BoBo
Photo Credit - BoBo

ဒီပုံလေးတွေထဲမှာတော့ ကျော်ထက်ဇော် က ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ချောမောနေပြီး နှုတ်ခမ်းနီမလေးတွေကတော့ ချစ်အားပိုစေမှာ အမှန်ပါနော်..။ ဒါ့အပြင် ဒီပုံလေးတွေနဲ့ လည်း ကျော်ထက်ဇော်က " စောင့်နေမယ်နော် မြန်မာဝတ်စုံလေးနဲ့ " ဆိုတဲ့ caption လေးနဲ့လည်း ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ ကျော်ထက်ဇော် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - BoBo

Source - Kyaw Htet Zaw's fb account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။