photo credit - Virtus.pro twitter

Virtus.pro Dota 2 team ကတော့ Natus Vincere နဲ့အတူ ပထမဆုံး Ti Champion ဆုကြီးကို ရယူနိုင်ခဲ့တဲ့ Artstyle ကို coach အဖြစ် တစ်ကျော့ပြန်ခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

Artstyle ဟာ သူ့ရဲ့ coach ဘဝကို 2017 ခုနှစ် 3 လပိုင်းမှာ Virtus.pro အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး 2018 ခုနှစ် 9 လပိုင်းမှသာ Virtus.pro ကနေထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။

Artstyle အနေနဲ့လည်း Virtus.pro ကို coach အဖြစ်တာဝန်ယူတုန်းက

Dota Summit7

ESL One Hamburg 2017

ESL One Katowice 2018

The Bucharest Major

ESL One Birmingham 2018

တို့မှာ Champion ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး Virtus.pro ကို CIS က ဝက်ကြီးအဖြစ် တောက်ပြောင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ coach တစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း Virtus.pro ဟာ အသင်းကို တောက်ပြောင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ Artstyle ကို coach အဖြစ် တစ်ကျော့ပြန်ခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် performance ကောင်းတွေပြောက်ဆုံးနေတဲ့ Virtus.pro အနေနဲ့ Artstyle ရဲ့လက်အောက်မှာ ဘယ်လောက်တောက်ပြောင်လာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Artstyle coach အဖြစ်တာဝန်ယူမယ့် Virtus.pro ရဲ့ roster ကတော့

Po 1 – iLTW

Po 2 – Noone

Po 3 – Resolut1on

Po 4 – Zayac

Po 5 – Solo

တို့ပဲဖြစ်ပါတယ်။

photo credit - ESL

source - Virtus.pro twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။