Old eLeVeN

ပထမဆုံးတစ်ခုအနေနဲ့ကတော့ လက်ရှိ PSG.LGD က offlaner old eLeVeN ဟာ သူ့အနေနဲ့ EHOME အသင်းနဲ့ စာချုပ်ရှိနေတုန်းပါပဲ ။ နောက် season မစခင်မှာ ငါရဲ့ main အသင်း EHOME မှာပြန်ကစားဖို့က သေချာသလောက်ရှိနေပါပြီ ။ PSG.LGD မှာတော့ Yang ကိုမြင်တွေ့ရလောက်တယ်လို့ ပြောကြားထားပါတယ်။

Burning

သူပြောခဲ့တာကတော့ China region မှာ LGD ထက်ပို strong တဲ့ dota 2 team တစ်ခုကို investor အသစ်က ဖွဲ့စည်းဖို့ရှိနေပါတယ်။ ဒါဟာ လတ်တလော rumor ထွက်ရှိနေတဲ့ 4 Angry Man (4AM) ဖြစ်နိုင်ချေရှိပါတယ်။

ViCi Gaming Coach , rOtK

rOtK ပြောခဲ့တာကတော့ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကတော့ အသေအချာဖြစ်ပေါ်လာတော့မှာပါ ၊ Ame ကလည်း LGD ကိုပြန်သွားနိုင်ပြီး ၊ LGD မှာ လက်ရှိကစားနေတဲ့ players အချို့ကနေ အသင်းကနေထွက်ခွာသွားနိုင်ပါတယ် ဆိုတာပဲဖြစ်ပါတယ်။

PSG.LGD midlaner , Somnus’M

Somnus’M ပြောခဲ့တာကတော့ ဒီနှစ်အတွင်းမှာ free agents ဖြစ်နေတဲ့ players တွေအများကြီးရှိတာကြောင့် အသင်းကောင်းတစ်သင်းဖွဲ့စည်းရတာ ပိုလွယ်ကူနေမှာပါ ။

LGD နဲ့ contract ရှိနေသေးတာကတော့ Ame , Chalice နဲ့ Xnova တို့ပါ ။

Yang နဲ့ Vici Gaming ရဲ့ contract က မကြာခင်ကုန်ဆုံးတော့မှာပါ ၊ Eurus အကြောင်းကတော့ ငါပြောဖို့မသေချာဘူး လို့ပြောခဲ့ပါတယ်။

Eurus အနေနဲ့ Somnus'M နဲ့ Fy တို့ပြောင်းမယ့် အသင်းသစ်မှာ လာ join နိုင်တယ်လို့ rumor ကလည်း ထွက်ရှိနေပါတယ်။

Inflame and Sccc

Inflame ကတော့ သူ့ရဲ့ stream မှာ Sccc ကို မင်း LGD ကို ငြင်းမှာမဟုတ်ဘူးမလား လို့မေးခဲ့ပါတယ်။ ဒါဟာ Sccc အနေနဲ့ LGD ကိုရောက်လာနိုင်တဲ့ သဲလွန်စတစ်ခုဖြစ်ပြီး Sccc အနေနဲ့လည်း LGD Gaming ရဲ့ boss ကို Chinese Social Media တွေမှာ Follow လုပ်ထားတာတွေ့ရပါတယ်။

source - AFK gaming & player accounts

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။