ပရိသတ်ကြီးရေ အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ စိုးပြည့်သဇင်ဟာ အောင်မြင်မှုတွေရရှိထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပါနော်..။ သူမရဲ့ သရုပ်ဆောင်မှုတွေကလည်း အပြစ်ပြောစရာမရှိလောက်အောင် ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စိုးပြည့်သဇင် က ဂီတကို အလွန်းရူးသွပ်တဲ့သူလေးဖြစ်ပြီး သီချင်းဆိုရင်လည်း အသံချိုချိုအေးအေးလေးနဲ့ သီဆိုတတ်တာကိုတွေ့ရပါတယ်။

စိုးပြည့်သဇင် က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်တွေအပြင် ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေကို လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမ အစ်မတွေရောင်းတဲ့ "မင်းသမီးပိုးထည်တိုက်" က မြန်မာဖက်ရှင် designအသစ်လေးတွေကို ဝတ်ပြီး ပရိသတ်တွေအတွက် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာတွေ့ရပါတယ ်။ ယခုမှာဆိုရင် စိုးပြည့်သဇင် က မြင်သူတိုင်းချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီးနော်..။

ဒီပုံလေးတွေထဲမှာတော့ စိုးပြည့်သဇင် က မြန်မာဆန်ဆန်အဝါရောင် ဖက်ရှင်ဒီဇိုင်းအလန်းစားလေးကို ဝတ်ပြီး အိမ်ခြံဝန်းထဲမှာ ချစ်စရာအမူအရာလေးတွေ နဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း စိုးပြည့်သဇင် က " မြင်ပါများလို့ရိုးသွားတဲ့ထဲ ကိုယ့်မျက်နှာလေးမပါစေချင်ခဲ့ဘူး..." ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရိုးရှိင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းနေတဲ့ စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Soe Pyae Thazin's fb account

Source -Soe Pyae Thazin's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။