photo credit - HLTV

Virtus.pro cs:go အသင်းက player တစ်ဦးဖြစ်တဲ့ buster ကတော့ သူ့အနေနဲ့ အသင်းမှာ ပြန်လည်ကစားတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

buster ကတော့ ပြီးခဲ့တဲ့ 5 လပိုင်း 23 ရက်နေ့မှာ အသင်းကနေ inactive လုပ်သွားတာဖြစ်ပြီး 2 လကျော်ကျော်လောက်အကြာမှာ အသင်းရဲ့ active roster မှာပြန်လည်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

buster ပြန်လည်ပါဝင်လာရတဲ့အကြောင်းရင်းကတော့ AdreN အသင်းကနေထွက်ခွာသွားတာကြောင့်ဖြစ်ပြီး သူ့ရဲ့နေရာမှာ အစားထိုးကစားဖို့အတွက် active roster ကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ Virtus.pro ရဲ့ cs:go roster အပြည့်အစုံကတော့

Dzhami "⁠Jame⁠" Ali

Alexey "⁠qikert⁠" Golubev

Sanjar "⁠SANJI⁠" Kuliev

Mareks "⁠YEKINDAR⁠" Gaļinskis

Timur "⁠buster⁠" Tulepov

Dastan "⁠dastan⁠" Akbayev (coach)

တို့ပဲဖြစ်ပါတယ်။

source - buster's twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။