ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ ပိုးကတော့ ယောကျ်ားလေးမိန်းကလေး ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြရသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account

အေးချမ်းတဲ့အလှတရားတွေနဲ့ မြင်သူတကာကို ရင်အေးစေတဲ့ အချစ်တော်လေး ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ပြည်တွင်းခရီးစဉ်တွေ ထွက်ရှိနေပြီး အခုတစ်ခါမှာလည်း အဖိုးဖြစ်သူရဲ့ရွာလေးကို သွားရောက်လည်ပတ်ရင်း ကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

ရွာသူရွာသားတွေနဲ့အတူ ဘုရားပန်းကပ်လှူရင်း ကြည်နူးပီတိဖြစ်စရာ ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း အချစ်တော်လေး ပိုးကြာဖြူခင်က ပရိသတ်တွေကို ဝေမျှထားသလို မိခင်ဖြစ်သူကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဗီဒီယိုဖိုင်လေး မျှဝေထားပါတယ်နော်..။

Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account

"ပုလဲရွာဘုရားမှာ ပန်းလှူခဲ့ပါတယ် ကိုယ့်ရဲ့အပျော်နဲ့ပီတိတွေ ကို မြင်သူတိုင်း စိတ်ချမ်းသာပါစေ.." ဆိုပြီး ပုံရိပ်လေးတွေကို ဝေမျှထားတာဖြစ်ပြီး "သံလျှင် သုံးခွမြို့နယ် ပုလဲကျေးရွာ သီဟိုဠ်ဘုရားကြီးမှာ ပါ.." ဆိုပြီး မိခင်ဖြစ်သူက ဗီဒီယိုဖိုင်လေး တင်ပေးထားတာပါ..။

ပရိသတ်တွေလည်း ဘုရားပန်းကပ်ကာ ကြည်ကြည်နူးနူးလေး ကုသိုလ်ယူနေတဲ့ ပိုးရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လးကို ကြည့်ကာ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account
Photo Credit - Poe Kyar Phyu Khin's Fb Account

Source & Photo Credit - Poe Kyar Phyu Khin's Fb Account & Aye Aye Myint's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။