ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး လျှောက်လှမ်းလာခဲ့တဲ့ သူပဲ​ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးဟာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမဟာ ရုပ်ရည်လေးက ချောမောလှပ​နေသလို စကားပြောတဲ့ပုံစံလေးကလည်းအရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေက ချစ်အားပိုနေရတာဖြစ်ပါတယ်။

Photo Credit - Hsu Myat Noe Oo's fb account
Photo Credit - Hsu Myat Noe Oo's fb account

ဒါ့အပြင် ဆုမြတ်နိုးဦးက ကျော်ကျော်၊ညီထွဋ်ခေါင်တို့နဲ့အတူဟာသ ဗီဒီယိုလေးတွေ ရိုက်ကူးပြီး သူတို့ သုံးယောက်ရဲ့ ကိုယ်ပိုင် Page လေးမှာ ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ လတ်တလောမှာတော့ ဆုမြတ်နိုးဦး က အပန်းဖြေခရီးတွေကိုလည်း ဆက်တိုက်ဆိုသလို ထွက်နေတာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ဆုမြတ်နိုးဦးက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Hsu Myat Noe Oo's fb account
Photo Credit - Hsu Myat Noe Oo's fb account

ဒီပုံလေးတွေထဲမှာတော့ ဆုမြတ်နိုးဦး ဟာ ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် ဖက်ရှင်ဝတ်လေးကို ဝတ်ပြီး ချစ်စရာအပြုံးချိုချို လေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီ ပုံလေးတွေနဲ့လည်း ဆုမြတ်နိုးဦး က" တို့ ခရမ်းရောင်လေးနဲ့လှနေရဲ့လား" ဆိုတဲ့ caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရိုးယဥ်ပြီး ချစ်စရာကောင်းနေတဲ့ ဆုမြတ်နိုးဦး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Hsu Myat Noe Oo's fb account
Photo Credit - Hsu Myat Noe Oo's fb account

Photo Credit - Hsu Myat Noe Oo's fb account

Source - Hsu Myat Noe Oo's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။