photo credit - Adroit Esports twitter

Sea region က dota 2 team တစ်ခုဖြစ်တဲ့ Team Adroit ကတော့ သူတို့ရဲ့ carry player Natsumi- နဲ့ တရားဝင်လမ်းခွဲခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Natsumi- ကတော့ Team Adroit ကို 2019 ခုနှစ် 5 လပိုင်း 1 ရက်နေ့က စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး Team Adroit နဲ့အတူ tournaments များစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Team Adroit နဲ့အတူ ရရှိခဲ့တဲ့ ကြီးမားသောအောင်မြင်မှုတွေအနေနဲ့ဆိုရင်လည်း

RedRain Cup Season 1

RedRain Cup Season 3

Battle of Dawn

ESL Clash of Nations Bangkok 2019

Yabo Supreme Cup

တို့မှာ Champion ဖြစ်ခဲ့တဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Natsumi- ဟာ အသင်းကနေထွက်ခွာသွားပြီဖြစ်တာကြောင့် Team Adroit အနေနဲ့လည်း သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် carry player ကောင်းတစ်ယောက်ကိုလိုအပ်နေပါတယ်။

Team Adroit ရဲ့ လက်ရှိ roster ကတော့

Po 1 – (TBD)

Po 2 – Mac

Po 3 – Bensoy (stand-in)

Po 4 – Boombacs

Po 5 – cml

တို့ပဲဖြစ်ပါတယ်။ 

source -Adroit Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။