သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ စိတ်ထားလေးအင်မတန်ဖြူစင်ပြီး အမြဲတမ်းပြုံးချိုနေတတ်တဲ့သူလေးဖြစ်လို့ ချစ်သူ၊ခင်သူတွေပေါများပါတယ်နော်။ချစ်သုဝေက ချစ်စရာအမွှာသမီးလေးနှစ်ယောက်ကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့် အလှမပျက်ဘဲ ပိုပိုလှလာနေတာပါ။ချစ်သုဝေကတော့ အခုဆိုရင် အသက်(၃၆)နှစ်ပြည့်သွားပြီဖြစ်ပြီး သူမရဲ့စိတ်ထားနဲ့ခံယူချက်လေးတွေကို ‌ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

ချစ်သုဝေက"အသက် (၃၆)စိတ်မြန်တယ်..ဘယ်​လောက်မြန်လဲဆို စိတ်ကမှန်းရင်လူကချက်ချင်းလိုက်လုပ်တတ်တာမျိုး စိတ်ရှင်းရှင်းပဲထားတယ် (ဘယ်​လောက်ရှင်းချင်လဲဆို ကိုယ့်ကို လာ​ဝှေ့ပတ်မယ်၊ကွေ့ဝိုက်နေမယ်၊ ကောက်​နေမယ်ဆို မိတ်​ဆွေ​တွေဆို မျက်နှာချင်းဆိုင်​မေးပြီးသားပဲ။အသိ​တွေဆို ဒစ်ပလိုမက်တစ်​တွေဘာ​တွေကို​ခေါင်းထဲမထားဘူး ဟန်​ဆောင်ပြီးမရီပြချင်ဘူး(အန္တရာယ်ရှိမှန်းသိရက်နဲ့ဘာလို့အပေါ်ယံပေါင်းရမှာလဲ​နော်)။"

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

"သူစိမ်းဆိုရင်​တော့ ဥပက္ခာပဲ ဒေါသကြီးတယ်၊နှုတ်မချိုဘူး၊ခွင့်လွှတ်လွယ်တယ်၊ချစ်တတ်တာလည်း စိတ်ကုန်စရာ ​ပြောမ​နေနဲ့​​တော့ ကွယ်ရာမှာလည်းဒီလူ၊ဒီစိတ်၊ဒီနှုတ်၊ဒီခံယူချက်ပဲ၊ရှေ့မှာလည်းဒီတိုင်းပဲ..ဒီ​တော့ကားပြင်ရမယ့်မ​ကောင်းတဲ့အချက်အ​တော်များသ​ပေါ့..ဒါ​တောင်ကိုယ့်ကိုချစ်​ပေးကြတဲ့ကိုယ့်အနားက ကိုယ့်အ​ဝေးကသူ​တွေ​ကြောင့် tre layဟာ တအားကို ကံ​ကောင်းပါသည်ဟုမှတ်ယူရင်း...Wishလုပ်​ပေးကြသူတစ်ယောက်ချင်းစီလည်း စိတ်ချမ်းသာ၍လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံနိုင်ပါ​စေ..(တစ်ကိုယ်တော်လက်ကျန်ပုံတွေတင်မယ်နော်)"ဆိုပြီး သူမရဲ့ချစ်စရာပုံလေးတွေနဲ့အတူ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography
Photo Credit:Alinn Yaung Photography

Photo Credit:Alinn Yaung Photography

Source:Chit Thu Wai's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။