အဆိုတော်နေဝင်းနဲ့ ခရီးသွားBlogger လေးဖြစ်တဲ့ အိမ့်ချစ်ချောတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ လက်ထပ်ထားတာလပိုင်းပဲရှိသေးတဲ့ ကြင်စဦးဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။နေဝင်းနဲ့အိမ့်ချစ်ချောတို့နှစ်ယောက်က ချစ်သူဘဝကိုလည်း နှစ်တွေအကြာကြီးဖြတ်သန်းလာတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ချစ်လာကြတာဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း နေဝင်းတို့စုံတွဲလေးကို အရမ်းအားကျနေကြတာဖြစ်လို့ အမြဲချစ်နေကြတာဖြစ်ပါတယ်။

Photo Credit:Eainy Chit Chaw's Facebook Account
Photo Credit:Eainy Chit Chaw's Facebook Account

နေဝင်းကလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို အိမ့်ချစ်ချောကလည်း ချစ်ခင်ပွန်းနဲ့အတူ ခရီးတွေအနည်းငယ်သွားပြီး ဇနီးမောင်နှံနှစ်ယောက် အေးအေးချမ်းချမ်း နေထိုင်နေကြတာဖြစ်ပါတယ်။နေဝင်းကတော့ ချစ်ဇနီးလေးကို အရမ်းဂရုစိုက်ကြင်နာပေးပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။နေဝင်းနဲ့အိမ့်ချစ်ချောတို့ရဲ့ အိမ်ထောင်ရေးလေးက သာယာအေးချမ်းပြီး နွေးထွေးမှုလည်းအပြည့်ရှိပါတယ်။

Photo Credit:Eainy Chit Chaw's Facebook Account
Photo Credit:Nay Win's Facebook Account
Photo Credit:Nay Win's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ အိမ့်ချစ်ချောရဲ့မွေးနေ့လေးဖြစ်ပြီး နေဝင်းက"Happy Birthday ပါ ချစ်ဆုံးလေး ထာဝရပျော်ရွှင် ကျန်းမာ ပြီး မိသားစုနဲ့အတူတကွ ချစ်ခင်စွာနေထိုင်ပြီး ဝါသနာပါတဲ့ ခရီးသွားအလုပ်နဲ့ များစွာ ကျော်ကြားအောင်မြင်ပြီး ဘိုးတော် ကိုလဲ ပိုချစ်နိုင်ပါစေ... I love you baby ... "ဆိုပြီး မွေးနေ့ဆုတောင်ပေးထားကာ မွေးနေ့လက်ဆောင်လေးနဲ့အတူ ချစ်ဇနီးလေးကို Surprise လုပ်ပေးထားတဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Win's Facebook Account
Photo Credit:Nay Win's Facebook Account
Photo Credit:Eainy Chit Chaw's Facebook Account

Source&Photo Credit:Nay Win& Eainy Chit Chaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။