ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမေသန်းနုကတော့ အခုချိန်မှာဆိုရင် အားကိုးရတဲ့သားလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေကတော့ မဆင့်ကို ဝန်းရံအားပေးကြပါတယ်နော်။မင်းသန့်မောင်မောင်ကလည်း မိခင်ဖြစ်သူကို မျက်စိအောက်ကအပျောက်မခံဘဲ သေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account

မင်းသန့်မောင်မောင်က အမေကိုအရမ်းချစ်တဲ့သားလေးဖြစ်ပြီး မိခင်ကိုလည်း အမြဲစိတ်ချမ်းသာအောင်ထားပေးပါတယ်။အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီဖြစ်တဲ့ မင်းသန့်က ဖေဖေ့ရဲ့အနုပညာအမွေတွေကို ဆက်ခံထားတာပါနော်။ပရိသတ်တွေကလည်း မင်းသန့်နဲ့စင်ရော်မောင်မောင်တို့ သားအဖနှစ်ယောက် ဖန်တီးကြတဲ့ အနုပညာတွေကို အားပေးကြပြီး သူတို့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account

မနေ့ကဆိုရင်လည်း စင်ရော်မောင်မောင်တို့သားအဖနှစ်ယောက်က မဆင့်၊ဝါဝါ၀င်းရွှေ၊ရန်အောင်တို့နဲ့အတူ ရှုတင်လေးတစ်ခုရိုက်ကြပြီး အနုပညာမောင်နှမတွေက ချစ်ခင်နေကြတာဖြစ်ပါတယ်။မေသန်းနု၊မင်းသန့်နဲ့ စင်ရော်မောင်မောင်တို့ သုံးယောက်ကတော့ ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်၊ဒါရိုက်တာ ဝါဝါ၀င်းရွှေကို သွားရောက်ဂါရဝပြုခဲ့တာဖြစ်ပါတယ်။ဝါဝါ၀င်းရွှေကလည်း ယနေ့ထိတိုင် လှပနုပျိုပြီး အရွယ်တင်နေတဲ့ ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account
Photo Creidt:Min Thant Mg Mg's Facebook Account

Source&Photo Creidt:Min Thant Mg Mg's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။