ပရိသတ်ကြီးရေ မော်ဒယ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ အခုချိန်မှာဆိုရင် နယူးယောက်မှာပဲ ချစ်ရသူနဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်နော်။ဥက္ကာမင်းမောင်ရဲ့ လက်တွဲဖော်ကလည်း အရမ်းခန့်ညားပြီး ချောမောတာကြောင့် သူတို့စုံတွဲလေးက အရမ်းလိုက်ဖက်ညီပါတယ်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ ဥက္ကာမင်းမောင်က တစ်ခါတစ်လေတော့ မြန်မာပြည်ကို ပြန်လာလည်ပါတယ်နော်။

Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account

ဥက္ကာမင်းမောင်တို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိကြပြီး အေးအတူပူအမျှလက်တွဲနေကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။သူတို့အိမ်မှာလည်း ချစ်စရာခွေးလေးတွေကို မွေးထားပြီး အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ နေထိုင်နေကြတာပါနော်။ဥက္ကာမင်းမောင်ကလည်း ဟိုးအရင်တုန်းကအတိုင်းဗလတောင့်တောင့်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account

ဥက္ကာမင်းမောင်တို့စုံတွဲလေးကို ပရိသတ်တွေကလည်း ချစ်ကြပြီး သူတို့ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဥက္ကာမင်းမောင်က "တစ်နေ့ကျရင် အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူကို ရှာပြီး surrogate နည်းနဲ့ ကလေးလိုချင်သေးတယ်"ဆိုပြီး ရေးသားထားကာ သူသိထားတဲ့ ဗဟုသုတလေးတွေကိုလည်း မြန်မာပြည်ကပရိသတ်ကြီးအတွက် ရေးသားဝေမျှလာတာဖြစ်ပါတယ်နော်။

Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account
Photo Credit:Ye Htoo Win's Facebook Account

Source&Photo Credit:Ye Htoo Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။