အကယ်ဒမီမင်းသမီးချော ချောရတနာကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားသမီးနှစ်ယောက်ကိုမွေးဖွားထားတာဖြစ်ပါတယ်။ချောရတနာက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်ပေမယ့် မိသားစုကိုတော့ ဂရုစိုက်တာမလျော့သွားပါဘူးနော်။ချောရတနာကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့မိသားစုဘဝလေးကို အားကျကြပြီး အမြဲစောင့်ကြည့်ကာ ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ ကောင်းသုတကျော်နဲ့ CoCo လေးတို့ မောင်နှမနှစ်ယောက်ကလည်း ချစ်မွှေးလေးတွေပါကြပြီး ချစ်သူခင်သူတွေပေါများကြပါတယ်။CoCo လေးတို့ မောင်နှမနှစ်ယောက်လုံးက မေမေ့ရဲ့အနုပညာသွေးလေးပါတာကြောင့် သီချင်းဖွင့်ပြီး ကရတာကို အရမ်းကြိုက်နှစ်သက်ကြပါတယ်နော်။မေမေချောရတနာကလည်း ကလေးနှစ်ယောက်ရဲ့ အပီအပြင်ကနေတဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးနေကျဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

သမီးငယ်လေး CoCo ဆိုရင် အမေတူလေးဖြစ်လို့ အရမ်းချစ်စရာကောင်းပြီး ကြီးလာရင် အရမ်းချောမယ့်ကလေးလေးပါနော်။အခုဆိုရင်တော့ CoCo လေးက သီချင်းဖွင့်ထားတာကို နောက်ကနေအပီပြင်လိုက်ဆိုနေတာဖြစ်ပါတယ်။မေမေချောရတနာက"Co Co ကတော့ အခုနားထောင်အခုဖောတော့တာပါပဲ"ဆိုပြီးရေးသားထားကာ သီချင်းဆိုနေတဲ့ Co Coလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Photo Credit:Chaw Yadanar's Facebook Account

Source&Video Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။