ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် ဆန်းသစ်လကတော့ ရင်သွေးလေးလွယ်ထားရတာဖြစ်လို့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။ဆန်းသစ်လက ချစ်ခင်ပွန်းရဲ့ဂရုစိုက်ကြင်နာမှုတွေကိုလည်း အပြည့်အဝရရှိနေလို့ အရမ်းစိတ်ချမ်းသာနေရတာဖြစ်ပါတယ်။ဆန်းသစ်လတို့ဇနီးမောင်နှံဘဝထဲကို မကြာတော့မယ့်အချိန်မှာ ကလေးလေးတစ်ယောက် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

ဆန်းသစ်လတို့ဇနီးမောင်နှံကလည်း သမီးလေးကို မေတ္တာအပြည့်အဝနဲ့ကြို‌ဆိုနေကြတာဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း ဆန်းသစ်လကို အခုချိန်ထိတိုင် အားပေးနေကြတာဖြစ်ပြီး မွေးဖွားလာမယ့် သမီးလေးကိုလည်း အခုကတည်းကချစ်နေကြတာပါနော်။ဆန်းသစ်လတို့ဇနီးမောင်နှံကလည်း အရမ်းချောကြတာကြောင့် မွေးလာမယ့်သမီးလေးကလည်း ဖေဖေနဲ့မေမေတို့ရဲ့အချောအလှတွေကို အမွေရဦးမှာဖြစ်ပါတယ်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

ဆန်းသစ်လကလည်း ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတစ်ယောက်ဖြစ်ပေမယ့် လုံးဝအလှမပျက်သွားပါဘူးနော်။ဗိုက်ဖုံးဂါဝန်လေးတွေနဲ့ အရမ်းပဲလှပနေပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ဆန်းသစ်လတို့ဇနီးမောင်နှံကတော့ ခရီးတွေလည်း ပျော်ပျော်ပါးပါးထွက်ကြပြီး အခုဆိုရင်လည်း ကမ်းစပ်မှာ ပျော်ရွှင်နေတဲ့ ဆန်းသစ်လရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

Source&Photo Credit:San Thit La's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။