ပရိသတ်ကြီးရေ မင်းသား ညီထွဋ်ခေါင် ကတော့ အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာတာဟာ ယခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်မာရရှိနေပြီလည်းဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Nyi Htut Khaung fb account
Photo Credit - Nyi Htut Khaung fb account

ညီထွဋ်ခေါင် က တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး စမတ်ကျကျ ဝတ်ဆင်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေနေရသူပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ညီထွဋ်ခေါင် က သူငယ်ချင်းတွေ ဖြစ်တဲ့ ကျော်ကျော် ၊ ဆုမြတ်နိုးဦး တို့နဲ့ အတူ အပန်းဖြေခရီးတွေထွက်နေတာကိုလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင် ညီထွဋ်ခေါင် က အပန်းဖြေခရီးထွက်ခဲ့တုန်းက အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nyi Htut Khaung fb account
Photo Credit - Nyi Htut Khaung fb account

ဒီပုံလေးတွေ ထဲမှာတော့ ညီထွဋ်ခေါင် က လွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံလေးနဲ့ သဘာဝတရားတွေရဲ့ အလှတွေကို နောက်ခံထားပြီး အထာကျကျ ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း ညီထွဋ်ခေါင် က " မင်းရှိမယ် ထင်​ပြီးတော့...." ဆိုတဲ့ Caption လေးနဲ့ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ တည်ကြည်ခန့်ညားမှုတွေ နဲ့ နှုတ်ခမ်းနီမလေးတွေအသည်းယားစေလောက်မယ့် ညီထွဋ်ခေါင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nyi Htut Khaung fb account

Source - Nyi Htut Khaung fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။