ပရိသတ်ကြီးရေ နေခြည်ဦးကတော့ အနုပညာလောကမှာ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။နေခြည်ဦးက အနုပညာလှုပ်ရှားမှုတွေကို ဒီနှစ်တွေမှာ အဆက်မပြတ်လုပ်ကိုင်နေပြီး ပရိသတ်တွေကလည်း သူမရဲ့အနုပညာအရည်အသွေးတွေကို အားပေးကြပါတယ်။

Photo Credit:Nay Chi Oo's Facebook Acc
Photo Credit:Nay Chi Oo's Facebook Acc
Photo Credit:Nay Chi Oo's Facebook Acc

နေခြည်ဦးက မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားပေးတဲ့အပြင် မောင်နှမတွေအပေါ်မှာလည်း ဂရုစိုက်ပေးပါတယ်နော်။ပရိသတ်တွေကတော့ နေခြည်ဦးရဲ့သွက်လက်ပွင့်လင်းလွန်းတဲ့ဟန်ပန်လေးတွေကို အရမ်းချစ်နေကြတာဖြစ်ပါတယ်။နေခြည်ဦးက သူမသိထားတဲ့ အလှအပ‌ ရေးရာ ဗဟုသုတတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးနေတဲ့သူဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Acc
Photo Credit:Nay Chi Oo's Facebook Myday

နေခြည်ဦးရဲ့မေမေ အန်တီဆွေကလည်း အရမ်းချစ်စရာကောင်းတဲ့သူဖြစ်ပြီး ပွင့်လင်းလွန်းတဲ့သူဖြစ်ပါတယ်။အခုဆိုရင်တော့ အန်တီဆွေက နေမကောင်းဖြစ်နေတဲ့ သမီးကြီးနေခြည်ဦးကို အနီးကပ်ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။နေခြည်ဦးကလည်း မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ လန်းလန်းဆန်းဆန်းလေးဖြစ်နေတဲ့ပုံလေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Chi Oo's Facebook Myday
Photo Credit:Nay Chi Oo's Facebook Myday
Photo Credit:Nay Chi Oo's Facebook Myday

Source&Photo Credit:Nay Chi Oo's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။