photo credit - Fnatic Dota facebook page

Sea Region က Dota 2 team တစ်ခုဖြစ်တဲ့ Fnatic ကတော့ iceiceice အနေနဲ့ အသင်းကနေ ခနအနားယူသွားပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Iceiceice ဟာ နောက်လာမယ့် DPC Season မစခင်အထိ Fnatic ကနေအနားယူသွားမှာဖြစ်ပြီး လတ်တလောယှဉ်ပြိုင်ရမယ့် ESL One Thailand 2020 ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်တော့ပါဘူး။

Fnatic ကတော့ ဒီ ESL One Thailand ယှဉ်ပြိုင်ဖို့အတွက် T1 ကထွက်လာတဲ့ ကိုရီယားနိုင်ငံသား Forev ကို ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် ESL One Thailand 2020 ဝင်ရောက်ယှဉ်ပြိုင်မယ့် Fnatic ရဲ့ roster ကတော့

Po 1 – Raven

Po 2 – Moon

Po 3 – Forev

Po 4 – Dj

Po 5 – Jabz

တို့ပဲဖြစ်ပါတယ်။

Iceiceice ဟာ Fnatic ရဲ့အားထားရတဲ့ offlaner တစ်ဦးဖြစ်ပြီး သူမပါတဲ့ Fnatic ဟာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကတော့ သိပ်မကြာခင် ယှဉ်ပြိုင်မယ့် ESL One Thailand 2020 မှာစောင့်ကြည့်သွားရမှာပါပဲ။ 

source - Fnatic Dota facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။