ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့အပြင် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ အနုပညာလောကမှာ လျှောက်လှမ်းလာခဲ့တာ နှစ်ပေါင်းအတော်ကြာမြင့်နေပါပြီနော်။ကိုပေါက်က ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကို ရိုက်ကူးခဲ့တာဖြစ်တာကြောင့် အခုချိန်မှာဆိုရင် အတွေ့အကြုံတွေလည်းများနေပြီဖြစ်ပါတယ်။ကိုပေါက်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးဝန်းရံကြပါတယ်နော်။

Photo Credit;Aung Min Naing's Facebook Account
Photo Credit;Aung Min Naing's Facebook Account
Photo Credit;Aung Min Naing's Facebook Account

ကိုပေါက်က Covid 19 ကာလအတွင်းမှာ အိမ်မှာနေရင်းနဲ့ပဲ Tik Tok လေးတွေကို ကစားပြီး ပရိသတ်တွေကလည်း သူရဲ့Tik Tok လေးတွေကို အရမ်းကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ဟာသဉာဏ်လည်း ရွှင်တဲ့ ကိုပေါက်ကတော့ အမြဲတမ်းဟာသလေးတွေလုပ်ပြီး tiktok ကစားထားကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မျှဝေနေကျဖြစ်ပါတယ်။ကိုပေါက်ရဲ့ ချစ်ဇနီးနဲ့ သားလေးနှစ်ယောက်ကလည်း Tik Tok တွေမှာ ကူညီပြီး အမူအရာအပြည့်နဲ့ သရုပ်ဆောင်ပေးကြပါတယ်နော်။

Photo Credit;Aung Min Naing's Facebook Account
Photo Credit;Aung Min Naing's Facebook Account

ကိုပေါက်တို့မိသားစုလေးက နွေးနွေးထွေးထွေးရှိလှပြီး ခရီးတွေလည်းမကြာခဏသွားကြပါတယ်နော်။အခုဆိုရင်တော့ ကိုပေါက်က သားလေးနှစ်ယောက်နဲ့အတူ အမိုက်စားပိုစ့်တွေပေးနေပြီး သားအဖသုံးယောက် အတွဲညီနေကြတာဖြစ်ပါတယ်။သားလေးနှစ်ယောက်ကလည်း ဖေဖေ့လိုပဲ စတိုင်လ်အပြည့်နဲ့ ပိုစ့်ပေးကြမ်းနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit;Aung Min Naing's Facebook Account
Photo Credit;Aung Min Naing's Facebook Account
Photo Credit;Aung Min Naing's Facebook Account

Source&Photo Credit;Aung Min Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။