အဆိုတော်Rဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။သားလေးနှစ်ယောက်နဲ့သမီးငယ်လေးတို့က ရုပ်ချင်းလေးတွေဆင်ကြပြီး ချစ်မွှေးပါတဲ့ ကလေးလေးတွေဖြစ်လို့ အခုအရွယ်ကတည်းက လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်။Rဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ကလေးတွေကို သေချာဂရုစိုက်စောင့်ရှောက်ကြပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Rဇာနည်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို မိသားစုကိုလည်း အချိန်ပေးပြီး ဂရုစိုက်ပေးပါတယ်။ပရိသတ်တွေကလည်း Rဇာနည်တို့မိသားစုလေးကို ချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးချစ်ခင်နေကြတာပါနော်။ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း ညီမလေးကို အရမ်းချစ်ကြပြီး ဂရုစိုက်ပေးကြပါတယ်။Rဇာနည်တို့မိသားစုလေးကတော့ စိုစိုပြေပြေနဲ့ အားကျဖို့ကောင်းတဲ့ချစ်စရာမိသားစုလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Rဇာနည်နဲ့ဝမ်းတို့ဇနီးမောင်နှံက ချစ်စရာသားသမီးလေးတွေကြောင့် အမြဲပျော်ရွှင်နေရတာဖြစ်ပြီး သူတို့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာ မျှဝေပေးလေ့ရှိပါတယ်။အခုဆိုရင်လည်း Rဇာနည်တို့မိသားစုငါးယောက်က အိမ်မှာပဲ နွေးနွေးထွေးထွေးနဲ့ ရုပ်ရှင်အတူတူကြည့်နေကြတာဖြစ်ပါတယ်။ဖစ်ဖစ်နဲ့ချစ်ချစ်တို့ညီအစ်ကိုနှစ်ယောက်ကလည်း ဖေဖေနဲ့မေမေ့ရဲ့ကြားမှာ ထိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ရုပ်ရှင်ကြည့်နေကြတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Source&Photo Credit:Zarni Myonyunt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။