ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောလေး မိုးအောင်ရင်ကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။မိုးအောင်ရင်က ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ချစ်မွှေးပါတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်အများအပြားက သူ့ကို ချစ်ခင်အားပေးကြပါတယ်နော်။မိုးအောင်ရင်ရဲ့ဖခင်ဖြစ်သူ အောင်ရင်ကလည်း အနုပညာလောကမှာလျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account

အောင်ရင်က အသံအရမ်းကောင်းပြီး ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။အောင်ရင်တို့ဇနီးမောင်နှံကတော့ နိုင်ငံခြားမှာ သမီးလေးနဲ့အတူနေထိုင်ပြီး မြန်မာပြည်ကိုလည်း ပြန်လာလည်ပါတယ်နော်။မိုးအောင်ရင်ကတော့ မြန်မာပြည်မှာပဲနေထိုင်ပြီး အေးအေးချမ်းချမ်းနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေကာ ပရိသတ်မေတ္တာကို ပြန်လည်ရယူနေတာဖြစ်ပါတယ်။

Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ မင်းသားချောလေးမိုးအောင်ရင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်နော်။မိုးအောင်ရင်က မွေးနေ့လေးမှာ ဆေးရုံကို ရောက်ရှိနေတာဖြစ်ပြီး "ဆေးရုံရောက် မွေးနေ့ အမှတ်တရ..."ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။မွေးနေ့လေးကစပြီး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ Myanmarload Media မှ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account
Photo Credit:Moe Aung Yin's Facebook Account

Source&Photo Credit:Moe Aung Yin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။