ပရိသတ်ကြီးရေ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းပျော်ပျော်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ သင်ဇာက ပရိသတ်တွေအတွက် မရိုးနိုင်သော ဖန်တီးမှုတွေကို အမြဲတမ်းလိုလို တင်ဆက်ပေးနေတာပါနော်။သင်ဇာက အနုပညာလောကမှာလည်း အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account/Amazing Grace

ပရိသတ်တွေကလည်း သင်ဇာ့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်မျှော်ကြည့်ရှုနေကြပြီး သူမကို တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။သင်ဇာက အလှအပနဲ့ပတ်သက်ရင်လည်း ခေါင်းအစခြေအဆုံးကို သေချာထိန်းသိမ်းပြီး လေ့ကျင့်ခန်းလည်း အမြဲလုပ်ဆောင်ပါတယ်နော်။သင်ဇာက လတ်တလောမှာဆိုရင်တော့ အမိုက်စားကကွက်လေးတွေနဲ့ ကထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေနေတာဖြစ်ပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account

အခုဆိုရင်လည်း သင်ဇာက နေ့လည်ခင်းလေးမှာ ထမင်းစားပြီးအိပ်ချင်နေမှာစိုးလို့ သူမရဲ့ပင်တိုင်မိတ်ကပ်ဆရာမတွေနဲ့အတူ Aerobic လေ့ကျင့်ခန်းလေးကို ပျော်ပျော်ပါးပါးလုပ်နေကြတာဖြစ်ပါတယ်။သူမရဲ့မိတ်ကပ်ဆရာမတွေကလည်း သင်ဇာလုပ်တဲ့အတိုင်း နောက်ကနေ သေသေချာချာလိုက်လုပ်ကြပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account
Photo Credit:Thin Zar Wint Kyaw's Facebook Account

Photo Credit:Thin Zar Wint Kyaw's Facebook Account

Source&Video Credit:Thin Zar Wint Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။