ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီအေးမြတ်သူကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေနဲ့အတူ အနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပါတယ်။အေးမြတ်သူက စိတ်သဘောထားလေးလည်းပြည့်ဝပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်တဲ့သူဖြစ်လို့ ပရိသတ်တွေကလည်း သူမရဲ့စိတ်ဓာတ်လေးကို ချစ်နေကြတာဖြစ်ပါတယ်နော်။အေးမြတ်သူကတော့ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေပြီး အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's FB Page
Photo Credit:Aye Myat Thu's FB Page
Photo Credit:Aye Myat Thu's FB Page

အေးမြတ်သူက အသက်(၃၅)နှစ်အရွယ်ရောက်ရှိနေပေမယ့် အလှအပတွေကနည်းနည်းလေးမှမလျော့သွားဘဲ ဟိုးအရင်တုန်းကအတိုင်း လှပနုပျိုနေတာဖြစ်ပါတယ်။ပြုံးလိုက်တိုင်းလည်း ပါးချိုင့်လေးနှစ်ဖက်ပေါ်လာတဲ့ အေးမြတ်သူရဲ့အပြုံးချိုချိုလေးတွေကို လူတိုင်းကငေးမောနေရတာဖြစ်ပါတယ်နော်။အေးမြတ်သူကတော့ အမြဲတမ်းပြုံးရွှင်နေတတ်တဲ့သူလေးဖြစ်လို့ ချစ်သူ၊ခင်သူတွေကလည်း ပေါများပါတယ်။

Photo Credit:Aye Myat Thu's FB Page
Photo Credit:Aye Myat Thu's FB Page
Photo Credit:Aye Myat Thu's IG Account

အေးမြတ်သူက ခေတ်ရေစီးကြောင်းနဲ့အညီဝတ်စားဆင်ယင်တတ်ပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့လည်း အရမ်းလှတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခပ်မိုက်မိုက်ဒီဇိုင်းလေးကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ လူငယ်လေးတစ်ယောက်လို အရမ်းနုပျိုနေတာဖြစ်ပါတယ်နော်။အသက်(၃၅)နှစ်အရွယ်ဖြစ်ပေမယ့် အမြဲတမ်းလန်းနေပြီး ဆွဲဆောင်မှုတွေပိုနေတဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's IG Account
Photo Credit:Aye Myat Thu's IG Account
Photo Credit:Aye Myat Thu's IG Account

Source&Photo Credit:Aye Myat Thu's IG Account&FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။