အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်မေတ္တာကိုခံယူထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က တစ်ခေတ်တစ်ခါကတည်းက သူမရဲ့ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်ခဲ့ပြီး ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားတဲ့သူပါနော်။ယနေ့အချိန်ထိလည်း သူမရဲ့ အောင်မြင်မှုတွေက မကျသွားသေးဘဲ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်က ကလေးနှစ်ယောက်ကိုမွေးဖွားထားပြီး ချစ်ခင်ပွန်းပြေတီဦးနဲ့အတူ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်တို့မိသားစုက မကြာခဏ ခရီးတွေလည်း အတူတူသွားကြပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့ ဇနီးမောင်နှံကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတာပါနော်။
ပရိသတ်တွေကတော့ အူဝဲရဲ့အလှအပတွေကို တစိမ့်စိမ့်ကြည့်ပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။အူဝဲကလည်း စိတ်ထားလေးကလှသလို အလှအပကလည်း တစ်နေရာမှအပြစ်ပြောစရာမရှိပါဘူးနော်။အခုဆိုရင်တော့ ဖက်ရှင်အမျိုးမျိုးနဲ့ အရမ်းလှနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ခရီးသွားပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Eaindra Kyaw Zin's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။