မင်းသမီးချောလေး သွန်းဆက် ကတော့ ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးတွေကို ပိုင်ဆိုင်ထားသလို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေးပဲဖြစ်ပါတယ်။ သွန်းဆက်ဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit - Ma Pont
Photo Credit - Ma Pont

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ပြီး မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် သူမက အလန်းစားပုံရိပ်လေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေအသည်းတွေ တဖြုတ်ဖြုတ်ကြွေသွားစေမယ့် အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Ma Pont
Photo Credit - Ma Pont

ဒီပုံလေးထဲမှာတော့ သွန်းဆက် က ရေချိုးကန်ဘေးမှာ ဝိုင်ခွက်လေးကိုင်ပြီး ဆွဲဆောင်မှုရှိရှိ ရင်ခုန်စရာကောင်းလောက်အောင် အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ သွန်းဆက် ရဲ့ ပုံရိပ်လေးတွေတော့ ပရိသတ်တွေ အသည်းယားလောက်မှာ အမှန်ပါနော်.....။ ကဲ...ချစ်ပရိသတ်ကြီး ဆွဲဆောင်မှုရှိလှတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ညို့အားပြင်းပြင်းဖမ်းစားထားတဲ့ မင်းသမီးချောလေး သွန်းဆက် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Ma Pont
Photo Credit - Ma Pont

Photo Credit - Ma Pont

Source - Thun Sett's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။