မိုင်လေဆိုင်းရပ်စ်ဟာ လီယန်ဟမ်းစ်ဝေါ့နဲ့ လမ်းခွဲအပြီး ဆိုးဆိုးဝါးဝါးပြောင်းလဲသွားခဲ့တာကို အားလုံးသိအပြီးဖြစ်မှာပါ။ ယောကျာ်းလေးလိုနေခဲ့တာ၊ လူမြင်ကွင်းမှာ ရိုင်းရိုင်းစိုင်းစိုင်းဝတ်ဆင်ခဲ့တာ၊ အမြင်မတော်တာတွေကို လုပ်ခဲ့တဲ့ မိုင်လေဟာ ဝေဖန်မှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါတွေဟာ သူမသိပ်ချစ်ရတဲ့ လီယန်နဲ့ လမ်းခွဲအပြီးမှာ ဖြစ်ခဲ့တာပါ။ အခုတော့ အချစ်စစ်ဆိုသလိုပဲ မိုင်လေရဲ့ဘေးကို လီယန် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

သူတို့နှစ်ဦးပြတ်သွားခဲ့တဲ့ သုံးနှစ်တာအတွင်း မိုင်လေနဲ့လီယန်တို့ကို အတူတွဲပြီး လုံးဝမတွေ့ခဲ့ရပါဘူး။ အခုနောက်ပိုင်းမှာ လီယန်ကနေ မိုင်လေ့ဆီပြန်လာခဲ့တယ်ဆိုပြီး အတူတွေ့တဲ့ ဓာတ်ပုံတွေထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ မိုင်လေဟာလဲ အရင်ကလောက်မဆိုးတော့ဘဲ ပိုပြီးတည်ငြိမ်လာတာကို တွေ့ရပါတယ်။

အခုတော့ မိုင်လေနဲ့လီယန်ဟာ LA မှာကျင်းပတဲ့ Power of Women ပွဲကို အတူ လက်ချင်းတွဲလို့ တက်ရောက်လာကြပါတယ်။ ဒါဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တရားဝင်ကြေညာလိုက်တာပါပဲ။ ဒီပွဲမှာ မိုင်လေ့ကို သူမတည်ထောင်ထားတဲ့ Happy Hippy Foundationအတွက် ဆုပေးဂုဏ်ပြုခဲ့ပါတယ်။

မိုင်လေ အလွန်တရာကိုပဲ ပျော်ရွှင်နေတာကို တွေ့ရမှာပါ။

Source : buzzfeed

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။