မျက်နှာသစ်ခြင်းဆိုတာဟာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာဆိုပေမယ့် နည်းလမ်းမှားယွင်းလို့ရှိရင် ဆိုးကျိုးတွေ ရရှိစေနိုင်ပါတယ်။

ဒါ့ကြောင့် မျက်နှာသစ်ရာမှာ အမှတ်မထင်လုပ်မိနေတဲ့ နည်းလမ်းအမှားတွေကို ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ညစ်ပေသော လက်ဖြင့်မျက်နှာသစ်ခြင်း

မျက်နှာမသစ်ခင်မှာ လက်ကိုသေချာသန့်စင်အောင် ဆေးကြောသင့်ပါတယ်။ ညစ်ပေသောလက်ဖြင့် မျက်နှာသစ်ခြင်းဟာ လက်မှာရှိတဲ့ အညစ်အကြေးများနှင့် ဘက်တီးရီးယားများကို မျက်နှာနှင့် ထိတွေ့စေနိုင်ပြီး ပိုမိုညစ်ညမ်းစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာမသစ်ခင် လက်ကို ရေဖြင့် သေချာစွာဆေးကြောပေးသင့်ပါတယ်။

photo credit - pngtree

၂။ မျက်နှာသန့်ဆေးမှားယွင်းအသုံးပြုခြင်း

နောက်တစ်ခုမှားယွင်းတဲ့အချက်ကတော့ ကိုယ့်အသားအရေနှင့်မလိုက်ဖက်တဲ့ မျက်နှာသန့်ဆေးကိုအသုံးပြုမိခြင်းပါပဲ။ အသားအရေခြောက်သွေ့သူများအတွက် ခရင်(မ်)ပုံစံဖြင့်ဖန်တီးထားတဲ့ မျက်နှာသန့်ဆေးတွေကို အသုံးပြုသင့်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် gel cleanser ကိုအသုံးပြုသင့်ပါတယ်။ တကယ်လို့ သင့်မျက်နှာပြင်အသား အရေက မျက်နှာသစ်ပြီးနောက်ပိုင်းမှာ အသားအရေတင်းကျပ်တာမျိုး၊ ခြောက်သွေ့တာမျိုးကို ခံစားရတယ်ဆိုရင်တော့ အခြားမျက်နှာသစ်ဆေးတစ်မျိုးကို ပြောင်းလဲအသုံးပြုသင့်ပါပြီ။

photo credit - pngtree

၃။ တိုက်ချွတ်ဆေးကြောခြင်းအမှားများ

မျက်နှာအသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အသားအရေထိန်းသိမ်းခြင်းရဲ့ အဆင့်တစ်ခုဖြစ်ပေမယ့် တိုက်ချွတ်မှုလွန်ကဲသွားရင်တော့ ဘေးဥပဒ်ဖြစ်စေမှာအသေအချာပါပဲ။ အလွန်အမင်း အသားအရေတိုက်ချွတ်ခြင်းဟာ အသားအရေကို ယောင်ယမ်းစေပြီး ရောဂါပိုးများကို ဖြစ်ထွန်းစေပါတယ်။တပတ်ကိုအနည်းဆုံး နှစ်ကြိမ်လောက်ပဲ မျက်နှာအသားအရေကို တိုက်ချွတ်ဆေးကြောပေးလိုက်ပါ။ ညပိုင်းအချိန်တွေက ဆဲလ်အသစ်များကိုမွေးဖွားပေးစေနိုင်တဲ့အတွက် ညပိုင်းမှာ အသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အကောင်းမွန်ဆုံးရလဒ်ကို ရရှိစေမှာအသေအချာပါပဲ။

photo credit - pngtree

၄။ အလွန်အမင်းဆေးကြောခြင်း

မကြာခဏ မျက်နှာသစ်ခြင်းနှင့် လိုတာထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း မျက်နှာသစ်မှားယွင်းမှုပုံသဏ္ဍာန်တစ်ခုပါပဲ။ အလွန်အမင်း မျက်နှာသစ်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေပြီး အလွန်အမင်းအဆီပြန်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးမျက်နှာသစ်နည်းကတော့ တစ်နေ့ကို မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်နဲ့ အားကစားလုပ်ပီးတဲ့အချိန်တွေမှာသာ သစ်ပေးပါ၊

photo credit - pngtree

၅။ ရေအလွန်အမင်းအေးလွန်းခြင်းနှင့် ပူလွန်းခြင်း

မျက်နှာသစ်တဲ့အခါမှာ ချွေးပေါက်တွေကို လုံးဝပွင့်သွားအောင်လို့ ရေနွေးနွေးလေးနှင့်ပဲ သစ်သင့်ပါတယ်။ အလွန်အမင်းအေးတဲ့ ရေနှင့်သစ်တဲ့အခါကျရင် မျက်နှာအသားအရေတွေကို ခြောက်သွေ့စေပြီး အရမ်ပူတဲ့ရေနဲ့ မျက်နှာ သစ်တဲ့အခါကျရင်တော့မျက်နှာပေါ်က သွေးကြောတွေ ပြတ်ထွက်စေနိုင်ပါတယ်။

source- healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။