လူကြားထဲမှာစကားပြောတဲ့အခါ ကိုယ့်ရဲ့ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေတာကြောင့် အရှက်ရခဲ့ရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။

ခံတင်းနံ့ဆိုးတာဟာ ခံတွင်းကို သေချာသန့်ရှင်းရေးမလုပ်တာကြောင့်လည်း ဖြစ်နိုင်သလို အချို့သောရောဂါတွေကလည်း ခံတွင်းနံ့ဆိုးတွေထက်ပေါ်စေပါတယ်။

ဒီတစ်ခေါက်မှာတော့ခံတွင်းနံ့ဆိုးတွေကို သက်သာစေမယ့် အလွယ်အကူဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo credit - pngtree

ပထမဆုံးအနေနဲ့ သွားကြားများကို သားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒါမှသာ သွားကြားမှာညပ်နေတဲ့ အစာတွေ အညစ်အကြေးတွေက သန့်ရှင်သွားမှာပါ၊

နောက်တစ်ခုအနေနဲ့ကတော့ သွားတိုက်တဲ့အခါမှာ လျှာကိုပါ သန့်ရှင်းရေးလိုပ်ပေးပါ ။ အချို့သောသူတွေကတော့ ပလုတ်ကျင်းတာလောက်နဲ့ လုံလောက်ပီလို့ထင်ကြပေမယ့် လျှာပွတ်တံလေးနဲ့ သေချာသန့်ရှင်းရေးလုပ်ပေးတာက အကောင်းဆုံးပါပဲ ။

သွားတိုက်တံရွေးချယ်တဲ့နေရာမှာလည်း ပျော့ပျော့ပျောင်းပျောင်းနဲ့ မိမိရဲ့ခံတွင်းက နေရာအစုံကိုရောက်နိုင်တဲ့ သွားပွတ်တံမျိုးကို အသုံးပြုသင့်ပါတယ်။

photo credit - pngtree

ဒါ့အပြင် သွားတိုက်တဲ့အခါမှာ သွားရဲ့အရှေ့ဘက်မျက်နှာပြင်တစ်ခုထဲကိုမတိုက်ပဲ အတွင်းဘက်မျက်နှာပြင်တွေနဲ့ သွားဖုံးတွေကိုပါ တိုက်ချွတ်ပေးသင့်ပါတယ်။

သွားတိုက်တဲ့အကြိမ်အနေနဲ့ဆိုရင်လည်း တနေ့ကို နည်းစနစ်မှန်မှန်နဲ့ မနက်တစ်ကြိမ်နဲ့ ညအိပ်ခါနီးတစ်ကြိမ် တိုက်ပေးသင့်ပါတယ်။

ဒီအချက်လေးတွေကိုလိုက်နာပေးမယ်ဆိုရင်တော့ လူကြီးမင်းတို့မှာရှိတဲ့ ခံတွင်းရနံ့ဆိုးတွေဟာ သက်သာပျောက်ကင်းသွားမှာ အသေအချာပါပဲ။ 

photo credit - pngtree

source - healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။