အငှားယာဉ်ပေါ်တွင် ကလေးငယ်အား ထားခဲ့သဖြင့် စောင့်ရှောက်

ထားရှိကာ စုံစမ်းဆောင်ရွက်လျက်ရှိ

၁၃.၁၀.၂၀၁၆ ရက်နေ့ ၁၉၄၀ အချိန်ခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်း၊

စိန်ဂေဟာရှေ့တွင် ဦးတိုးညွန့်၏အငှားယာဉ်ကို ကလေးငယ်တစ်ဦးအား

ပွေ့ချီထားသော အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ စမ်းချောင်း

မြို့နယ်ရှိ အဖွားဖြစ်သူနေအိမ်သို့ သွားလိုကြောင်းပြောကာ အသွားအပြန်

ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ်၊

ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတောလမ်းသွယ်အတွင်းသို့

ရောက်ရှိသောအခါ ယာဉ်ကိုရပ်ခိုင်းခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှ အဖွားဖြစ်သူ

အား သွားရောက်ခေါ်ဆောင်မည်ဟုဆိုကာ ကလေးငယ်အား ယာဉ်၏

နောက်ခန်းထိုင်ခုံပေါ်တွင်ထားခဲ့ပြီး လမ်းသွယ်တစ်ခုအတွင်းသို့ ဝင်ရောက်

သွားခဲ့ကြောင်း၊ ဦးတိုးညွန့်မှ အဆိုပါ အမျိုးသမီးအား ၁ နာရီခန့်ကြာသည်

အထိ စောင့်ဆိုင်းနေခဲ့သော်လည်း ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့်

လိုက်လံရှာဖွေရာ တွေ့ရှိခြင်းမရှိကြောင်း၊ ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်း

သော်လည်း အဆိုပါအမျိုးသမီးအား တစ်ဦးတစ်ယောက်မှ သိရှိခြင်းမရှိသည့်

အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စမ်းချောင်းမြို့မရဲစခန်းသို့

ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်

အုပ်ချုပ်ရေးအဖွဲ့များမှ သွားရောက်ခဲ့ရာ ကလေးငယ်မှာ ယောကျ်ားလေး

ဖြစ်ပြီး (၁၀)ရက်သားခန့်အရွယ်သာရှိသဖြင့် ဒဂုံမြို့ နယ်ရှိ ကလေးဆေးရုံကြီး

သို့ ပို့အပ်ကာစောင့်ရှောက်ထားရှိပြီး ၎င်းကလေးငယ်၏ မိဘဆွေမျိုး သားချင်းများအား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။