ဖိလစ်ပိုင်နိုင်ငံမှာ ISစစ်သွေးကြွတွေ ပြန်ပေးဆွဲထားတဲ့ ရိုမန်ကက်သလစ် ဘုန်းတော်ကြီးကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က သတင်း ထုတ်ပြန်လိုက်ကြောင်း Channel NewsAsia မှာဖော်ပြထားပါတယ်။  

IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ Teresito "Chito" Suganob အမည်ရှိ ရိုမန်ကက်သလစ် ဘုန်းတော်ကြီးကို အခြား ဘုရားကျောင်းတက်သူတွေနဲ့ အတူ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရှာဖွေတွေ့ရှိတဲ့ ဘုန်းတော်ကြီးဟာ အသက်ရှင်နေတယ်ဆိုပေမဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ စစ်တပ်တာဝန်ရှိသူကပြောပါတယ်။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။