ဂမ္ဘီရဆန်တယ်လို့ပဲပြောမလား..ရှေးလူတွေထားခဲ့တဲ့ အဖြေရှာမရတဲ့ လျို့ဝှက်ချက်ရယ်လို့ပဲပြောမလား..ထူးခြားတာတော့အမှန်ပါ။ မြန်မာစကားမှာ ရှိတဲ့ "သိသူဖော်စား မသိသူကျော်သွား၊ သတိမမူ ဂူမမြင်" စတဲ့ ဆိုရိုးစကားတွေ၊ စကားပုံတွေကို ကြားဖူးကြမှာပါ။ ဒီသဘောပါပဲ။ ကျွန်တော်တို့တွေ ဒီဘုရား၊ စေတီတွေကို မကြာခဏရောက်ဖူးကြပေမယ့် ဒီဘုရားပန်းဆွဲ (ဘီလူးပန်းဆွဲ) တွေရဲ့ ထူးခြားချက်ကို သတိမမူ မိကြပါဘူး။ ရုတ်တရက်ကြည့်ရင် ပန်းဆွဲတွေ အားလုံးနီးပါး ဆင်တူတယ်လို့ ထင်ရပေမယ့် သေချာကြည့်တဲ့အခါ တစ်ခုခုက ထူးခြားနေတာကို တွေ့ရမှာပါ။ ဒါဟာ ဂမ္ဘီရသဘောလား၊ ရှေးကပညာရှင်တွေရဲ့ မြှုပ်ကွက်ပဲလား။ ကိုယ်တွေ အလေးအနက်ထား ကိုးကွယ်နေတဲ့ အဆောက်အဦပေါ်မှာ ရှိနေတာကိုက ထူးခြားချက်တစ်ခုပဲ မဟုတ်လား။

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေနေရာကနေ လှမ်းမြင်နိုင်တဲ့ ပန်းဆွဲတွေထဲက ထူးခြားတဲ့တစ်ခုပါ။ စ၊ဓ၊ဗ၊ဝ အက္ခရာလေးလုံးလို့လည်း တစ်ချို့ကဆိုပါတယ်။

ပုဂံ ရွှေစည်းခုံစေတီတော်ကြီးရဲ့ အက်ကွဲနားက ရင်စည်းတွေရဲ့အထက် တြိဂံပုံတွေထဲမှာ မြင်တွေ့နိုင်တဲ့ ရှင်အရဟံရဲ့ပုံတော်လို့ ဆိုပါတယ်။

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးရဲ့ သံလှေကားနားက ထူးခြားတဲ့ပန်းဆွဲတစ်ခုပါ။ ဘီလူးပုံဖြစ်နေတာကြောင့် ဘီလူးပန်းဆွဲလို့လဲ ခေါ်ကြပါတယ်။ 

မကွေးမြို် ့ မြသလွန်စေတီတော်မြတ်ကြီးရဲ့ ဘီလူးပန်းဆွဲတွေထဲကတစ်ခုပါ။ ဒီပန်းဆွဲထဲက ဘီလူးရုပ်ကတော့ ထူးထူးခြားခြားပြုံးနေတာကို တွေ့ရမှာပါ။ 

သတင်းအရင်းမြစ် Oak Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။