ကမ္ဘာကျော်ဘောလိဝုဒ်စတား ရှာရွတ်ခန်းရဲ့ သားအကြီးဆုံး Aryan Khanကတော့ လက်ရှိလူမှုကွန်ယက်တစ်ခွင်မှာ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အသည်းစွဲဖစ်လာတာကြောင့် သူ့ရဲ့ biographyအကြောင်းကို တင်ပြလိုက်ပါတယ်။

နာမည်ရင်းကတော့ Aryan Khanပဲဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ 13.11.1997 မှာမွေးဖွားခဲ့ပြီး မကြာခင် အသက်၂ဝပြည့်တော့မှာပါတယ်။ အရပ်မှာ ငါးပေရှစ်လက်မရှိပြီး ပေါင်ချိန်ကတော့ ၁၃၂ပေါင်ဖြစ်ပါတယ်။  

Zodiac Signကတော့ Scorpio ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။ Suhana Khanလို့အမည်ရတဲ့ ညီမတစ်ယောက်ရှိပြီး Abram Khan အမည်ရ ညီငယ်တစ်ယောက်လည်းရှိပါတယ်။

အနုပညာလှုပ်ရှားမှူအနေနဲ့ ၂၀၀၁ခုနှစ်မှာ Kabhi Khushi Kabhie Gham နဲ့ ၂၀၀၆ခုနှစ်မှာ Kabhi Alvida Naa Kehna  အမည်ရ ရုပ်ရှင်နှစ်ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Hum Hain Lajawaab အမည်ရ animation ရုပ်ရှင်ကားမှာ အကောင်းဆုံးအသံသရုပ်ဆောင်အနေနဲ့ ဆုရရှိခဲ့ဖူးပါတယ်။

တိုက်ကွမ်ဒိုကစားရတာ ၀ါသနာပါတဲ့ Aryan ဟာ Maharashtra Taekwondo competition မှာ ၂၀၁ဝခုနှစ်မှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် Martial Arts မှာ ခါးပတ်နက်အဆင့်ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်းအရင်းမြစ် Starsunfolded

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။