မကြာခင်ကမှ marijuana သုံးစွဲမှုနှင့်ပတ်သက်ပြီး တရားရင်ဆိုင်ခဲ့ရတဲ့ Bigbang က TOP ဟာ ၂၉ရက်နေ့ ဇွန်လမှာ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ TOP က သူဆေးသုံးခဲ့တာကိုလည်း ဝန်ခံခဲ့ပြီး အရာအားလုံးကို ဝန်ခံခဲ့တယ်လို့ပြောခဲ့ပါတယ်။ ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ လနှင့် စောင့်ကြည့်ကာလ ၂နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဆိုလိုရင်းကတော့ စောင့်ကြည်ကာလ ၂နှစ်အတွင်းမှာ prosecutor တွေကန့်သတ်ထားတာတွေကို ချိုးဖောက်မှ ထောင်ဒဏ် ၁၀ လ ကျခံရမှာဖြစ်ပါတယ်။ သူနှင့် အတူတူ အစစ်ဆေးခံခဲ့ရတဲ့ ဟန် ဆိုဟီး ကလည်း ဒီပြစ်ဒဏ်အတိုင်းချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။

TOP ကတော့ သူ့ အနေ နှင့် စိတ်ကျရောဂါခံစားခဲ့ရတဲ့ အတွက် ယခုလိုမျိုး မလုပ်သင့်တဲ့ အမှားမျိုး ကျူးလွန်ခဲ့ရတာလို့ဆိုပါတယ်။ ထိုအမှားတွေ အတွက်လည်း နောင်တရခဲ့တယ်လို့ဆိုပါတယ်။ သူ့အတွက်တော့ ဒီအပတ်ဟာ သူ့ရဲ့ဘဝမှာ အဆိုးရွားဆုံး အပတ်ပါဘဲဆိုပြီးပြောကြားခဲ့ပါတယ်။ VIP တွေကတော့ မကြာသေးခင်ကမှ ဆေးရုံကဆင်းလာခဲ့ရတဲ့ TOP ကျန်းမာရေး အတွက်ဘဲ စိုးရိမ်ခဲ့ပြီး ထို ၂နှစ်ကိုလည်း TOP တစ်ယောက် ကောင်းကောင်းမွန်မွန် နှင့် ဘာပြဿနာမှ မဖြစ်ဘဲ ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်နေပါတော့တယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။