အူဝဲ နှင့် ခိုင်သင်းကြည်တို့ နှစ်ယောက်တူတူ live လွှင့်ခဲ့တဲ့ အပြီးမှာတော့ ကြီးလေးကြီးဇာတ်ကားမှာ ပါဝင်တဲ့ လူမင်း၊ခန့်စည်သူတို့ပါ အတူတူ ပါဝင်လာကြပါတယ်။ လူမင်းရဲ့ မိန်းမ မခင်စံပယ်တို့ပါ ပါဝင်ခဲ့ပြီး ခန့်စည်သူတို့ လူမင်းတို့ အတွက် ပထမဆုံး live မှာ ပါဘူးတာဆိုပြီး ပြောခဲ့ပါတယ်။ ထို live ကို ခင်လှိုင်၊ ဒိန်းဒေါင်၊ အေးသီတာ၊ ပေသီး၊ စိန်သီး၊ တို့လဲ ပါဝင်ခဲ့ကြပါတယ်။

အနုပညာရှင်တို့ တစ်ယောက်နှင့် တစ်ယောက် စနောက်ပြီး ပရိသတ်တွေ နှင့် အထိ အတွေ့ရှိခဲ့တာကလည်း ကြည့်ရူ့သူတွေ အတွက် ရသတစ်မျိုးဖြစ်ပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ လူမင်း နှင့် ခိုင်သင်းကြည်တို့က တော့ ရိုက်ကူးရေးရှိလို့ သိပ်မကြာသေးခင်မှာဘဲ ထွက်ခွာသွားခဲ့ကြပြီး ခင်လှိုင် တို့ ဒိန်းဒေါင်တို့ ပါဝင်ကာ တူတူ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ခင်လှိုင်နှင့် ဒိန်းဒေါင်တို့ တစ်ယောက်နှင့် တစ်ယောက်ဘယ်လို ရင်းနှီးကြလဲဆိုတာကိုလည်း ထို live ထဲမှာတွေ့ခဲ့ရပါတယ်။

ထို ဗီဒီယို ကို ချစ်စရာကောင်းတဲ့ မင်းသမီး ခင်ဝင့်ဝါ လည်းကြည့်ခဲ့တယ်လို့လဲ သိရပါတယ်။ ကြီးလေးကြီးနှင့် ပတ်သက်ပြီးတော့ ဆိုလိုရင်ကို လူမင်းက ယခုလိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ လူပျိုကြီး အပျိုကြီး အာကြီး အုတ်ကြီးကို ဆိုလိုတာ ဖြစ်ပြီး လူပျိုကြီး အနေနှင့် ခန့်စည်သူ၊ ရပ်ကွက်ထဲမှာ ဟိုအာကျယ်ဒီအာကျယ်လုပ်တက်တဲ့ ခိုင်သင်းကြည်၊ အပျိုကြီးအနေနှင့် ခိုင်သင်ူကြည်၊ ဥက္ကဌ အနေနှင့် လူမင်းတို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။