ထက်ထက်မိုးဦး ဘာကြောင့််သွယ်လျလှပသွားတာလဲ

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ကြော်ငြာမင်းသမီးလေးနဲ ့

အကယ်ဒမီထူးချွန်ဆုရှင်ထက်ထက်ဟာ သမီးလေး မွေးပြီးနောက်ပိုင်းမှာ အတန်ငယ်ဝသွားခဲ့ပါတယ်။

အခုချိန်ထိလည်း အားပေးကြတဲ့ ပရိသတ်အခိုင်အမာရှိသေးတဲ့ ထက်ထက်ဟာ သူမရဲ ့နဂိုပုံစံပြန်ရောက်အောင်ပြန်လည်ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်ချစ်တဲ့ နို်င်ငံကျော်အနုပညာရှင် ထက်ထက်ဟာ အခုချိန်မှာ ထင်မထားလောက်အောင် သွယ်လျလှပသွားတာကို ပရိသတ်ကြီးက

တွေ ့မြင်ကြမှာပါ။ ဒီလို သွယ်လျသွားအောင် ၁၂၅ ပေါင်အထိ ဝိတ်ချနိုင်ခဲ့တာဟာ ခွဲစိတ်ပြုပြင်မှုကြောင့် မဟုတ်ဘဲလေ့ကျင့်ခန်းနဲ ့အစားလျော့ခြင်းနဲ ့ပဲ

လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းကို ထက်ထက်က Posh Magazine ကအင်တာဗျူးမှာ အခုလိုပဲပြောပြခဲ့ပါတယ်။

'' အလှအပတွက်နဲ့ ထက် ခွဲစိပ်ပြု ပြင်မူတွေဘာမှမလုပ်ထားပါဘူး။ မျက်နှာကောခန္ဓာကိုယ်ကောဘာတစ်ခုမှ ယနေ့ချိန်ထိ မလုပ်ထားပါဘူး ။အရင်တုန်းကသမီးလေးကိုမွေးမွေးချင်းဝိတ်အရမ်းတက်နေလို ့ စိတ်ပူပြီးဘန်ကောက်ကဆရာဝန်နဲ့ခွဲစိပ်ပြု ပြင်ဖို့ဆွေးနွေးဖူးတယ် ။ ဆရာဝန်တွေကလက်မခံခဲ့ဘူး။

ဘာဖြစ်လိုလည်းဆို ထက်ပြထားတဲ့ဆေးရုံမှာခွဲစိပ်ထားတဲ့အကြိမ်ရေမေ့ဆေးပေးထားတဲ့အကြိမ်ရေများနေတယ်ဆိုတော့ ကိုထပ်ပြီးခွဲစိပ်

ပြု ပြင်မှုလုပ်ရင် (၃)နာရီ (၄)နာရီ အချိန်ပေးရမယ်ဆိုတော့ မလုပ်သင့်ဘူးပြောတယ်။နောက်ပြီးလည်ပင်းကလည်းခွဲထားတာမကြာသေးတော့

ဒီတိုင်းပဲလေ့ ကျင့်ခန်းလုပ်ပြီးဝိတ်ကိုချ ပါစိတ်မပူပါနဲ့ကလေး ၁နှစ်နဲ၈ လကျော်သွားရင် ကိုယ်ရဲ့ခန္ဓာကိုယ်ထဲကကိုယ်ဝန် စိတ်အရည်တွေကုန်သွားပါ

လိမ့်မယ် ။အဲအချိန်ကြရင် ပင်ကိုအရည်အသွေးပြန်ဖြစ်သွားလိမ့်မယ် ။နဂိုသဘာဝသွေးသားလည်ပတ်သွားပါ့လိမ့်မယ် ။စိတ်မပူပါနဲ ့ပြောတယ် ။

အခုသမီးလေးလည်းကြီးလာပြီးထက်လည်းအလုပ်တွေများစိတ်တွေရှုပ်တာတွေ ကောနောက်လေ့ကျင့်ခန်းလုပ်တယ် ဆရာနဲ့ (3) လသင်တန်း

တက်ပြီးသေချာ လေ့ကျင့်တယ် ။ အစားလျော့ တယ် ။စားမယ်ကြံတိုင်းလေ့ကျင့်ခန်းလုပ်ရတာပင်ပန်းတာကိုကြောက်ပြီး ချင့်ချိန်စားတယ် ။ထမင်းကလည်း

တစ်နေ့ကိုတစ်ခေါက်ဘဲစားတယ်။အရင်တုန်းကလိုမြင်သမျှ မစားတော့ဘူး။ အဲ့ဒါတွေကြောင့်လည်း

ဝိတ်ကျသွားတာဖြစ်ပါတယ် '' လို့ထက်ထက်က သူမ အခုလို သွယ်လျလှပရတဲ့ အကြောင်းကို ပြောပြသွားခဲ့ပါတယ် ။ ဝိတ်လျော့ချင်တဲ့ ပရိသတ်တွေရှိရင်

လည်း ထက်ထက်ရဲ ့နည်းလမ်းကောင်းလေးအတိုင်းလိုက်လံလုပ်ဆောင်နိုင်ပါတယ်နော်။

မနေ ့က ကျင်းပခဲ့တဲ့ အမျိုးသမီးရေးရာပွဲမှာ ပါဝင်သရုပ်ပြခဲ့တဲ့

ထက်ထက်ရဲ ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။

သတင်းအရင်းမြစ် Posh Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။