အရင်တုန်းတည်းက ကိုယ်ပိုင်ပရိသတ်အခိုင်အမာနဲ့ ပရိသတ်ချစ် အနုပညာရှင်တွေ အခုအိမ်ထောင်ကျပြီးတော့လည်း အားလုံးကချစ်ရ အားကျရတဲ့ စုံတွဲကတော့ ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံပါပဲ။ အများအားဖြင့် အိမ်ထောင်ကျပြီးသွားတဲ့အခါ အိမ်ထောင်သည်အမျိုးသားတွေမှာ အနေအေးသွားတတ်တာမျိုး အချစ်တွေကို ထုတ်ဖော်မပြတတ်တော့တွေ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ တို့ ကွီးတီ တို့တော့ မပါဘူးနော် ပရိသတ်ကြီးရေ။

နှစ်ယောက်သား ရုပ်ရှင်တွေရိုက်ရင်း ချစ်သူတွေဖြစ်သွားကြပြီး လက်ထပ်ခဲ့ကြတဲ့ သူမတို့ဇနီးမောင်နှံ သားသားမီးမီးလေးတွေရလာတော့လည်း အားလပ်ချိန်မှာ ခရီးတွေထွက်ပြီး ပျော်စရာကောင်းတဲ့ သူတို့ မိသားစုလေးကတော့ အားကျကြည်နူးစရာကောင်းလှပါတယ်။ ပြေတီဦးဟာ ဇနီးဖြစ်သူ အူဝဲတင်လိုက်တဲ့ post လေးတွေမှာ comment လေးတွေ ဝင်ဝင်ရေးပြီး ဇနီးသည်ကို စနောက်လေ့ ရှိပါတယ်။ အူဝဲကလည်း ယောက်ျားရဲ့ comment ကို အပြောင်လေးတွေ ပြန်ပြောပြီး ကျီစယ်လေ့ရှိပါတယ်။

ကိုယ့်ပုံလေး ကိုယ့်စာသားလေးတွေအောက်မှာ ကိုယ့်ရည်းစား ကိုယ့်ချစ်သူက comment လာပေးတာဟာ သိပ်မပြောပပေမဲ့ ဒီလိုလေးတွေလုပ်ပေးရင် ဘယ်လိုခံစားရလည်း ဆိုတာ မိန်းကလေးတွေအသိဆုံးပါ။ ကဲ ပရိသတ်ကြီးလည်း စောင့်မနေပဲ ကိုယ့်ချစ်သူပုံအောက်မှာ အမြန် comment သွားပေးပါတော့လေ.......

Source: Pyay Ti Oo and Eu Wae's Comment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။