ပျိုမေတိုင်းက ခါးသွယ်မယ်ဆိုရင် အချိုးအစားလေးက ပိုမိုပြေပြစ်နေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြမှာပါ။ ခန္ဓာကိုယ်အချိုးအစားလှတယ် ဆိုတာကလည်း ပျိုမေတို့အတွက် ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလား။ ဒါ့ကြောင့် ပျိုမေတွေ အားလုံးအတွက် နည်းလမ်းကောင်းလေး မျှဝေလိုက်ပါတယ် … ။

၁) သတိလေးနဲ့ စားပါ။

အစားအသောက် ရွေးချယ်တဲ့ အခါမှာ မှန်ကန်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆီကြော်စာတွေနဲ့ အဆီပါတဲ့ အသားတွေကို ရှောင်သင့်ပါတယ်။ ထမင်းစားပြီးတိုင်း ရေသောက်တာမျိုး၊ အစာစားပြီးရင် ရေခဲရေ သောက်တာမျိုး ဒါတွေကလည်း အဆီတွေကို အလွယ်တကူ စုစေပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက အဆီတွေကို လျော့ကျစေပါတယ်။ တစ်ချိန်တည်းမှာ အများကြီး မစားဘဲ ခဏ ခဏနဲ့ နည်းနည်းလေး စားတာက ကျန်းမာရေးအတွက်ရော၊ အစာချေဖျက်မှုရော ကောင်းမွန်ပါတယ်။ အထူးသဖြင့် ရေခဲရေနဲ့ အဆီသာ ရှောင်မယ်ဆို သင့်အတွက် ထူးခြားပါလိမ့်မယ်။

၂) အနေအထိုင် ဆင်ခြင်ပါ။

အထိုင်များတာမျိုး၊ စားပြီးတိုင်း အိပ်တာမျိုးကို ရှောင်ကြဉ်ပါ။ အထိုင်များခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ရှိပါတယ်။ စားပြီးတိုင်း ထိုင်နေတာမျိုး၊ ချက်ချင်း အိပ်လိုက်တာမျိုးကလည်း ဗိုက်မှာ အဆီစုရတာ လွယ်ပြီး အလွယ်တူပဲ ခါးတုတ်စေပါတယ်။ မိမိ၏ ခါးအတိုင်းအတာကို မှတ်ထားပါ။ လက်ရှိအတိုင်းအတာထက် မနည်းရင်တောင် များမလာအောင် ဂရုစိုက်ပါ။

၃) လေ့ကျင့်ခန်းလုပ်ပါ။

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ဒီလိုပဲ ခါးနဲ့ ပတ်သက်တဲ့ လေ့ကျင်းခန်းများစွာ ရှိတာကြောင့် အမှန်တကယ်သာ ခါးလေး သွယ်လျချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်းတစ်ခုလောက်တော့ မဖြစ်မနေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တောင် အဆီကျစေနိုင်တဲ့ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ မလိုအပ်တဲ့ အဆီတွေကို လျော့ကျစေပါတယ်။

၄) ရေ များများသောက်ပါ။

မကြာခဏ ကြားဖူးမှာပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးသော ဆေးနှင့် ဓါတ်စာ ပါပဲ။ ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။ သံပရာရည်ကို သကြားမထည့်ဘဲ ရေနွေးနွေးလေးနဲ့ သောက်ရင် အဆီပိုတွေ မြန်မြန်ကျစေနိုင်ပါတယ်။ အစာအိမ်သမားတွေတော့ နည်းနည်း သတိထားဖို့ လိုပါတယ်။

၅) မိမိကိုယ်ကို ယုံကြည်ပါ။

မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထား၍ ကြိုးစားပါ။ နည်းလမ်းကောင်းများကို လိုက်နာပါ။ မိမိသာ ခါးသွယ်လျနေမယ်ဆို ဝတ်ချင်သော အဝတ်အစားများအကြောင်း ကြိုတင်တွေးထားပါ။

ပျိုမေတို့အားလုံးပဲ ခါးလေး သွယ်လျ လှပပြီး လှသထက် လှနိုင်ကြပါစေ …

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။