နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်ကလည်း လက်ခံအားပေးပြီး ချစ်ရတဲ့ သဥ္ဇာနွယ်ဝင်းရဲ့ အိမ်ထောင်ရေးလေးကတော့ မိန်းကလေးပရိသတ်တွေကြား သိပ်ကိုအားကျစရာပါ။ အနုပညာလောက အနားယူသွားပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ သူမတို့ဇနီးမောင်နှံရဲ့ ပျော်ရွှင်နေတဲ့ ပုံလေးတွေမြင်ရင် ကြည်နူးမိပါတယ်တဲ့ ပရိသတ်ကြီးရေ။

အိမ်ထောင်ကျပြီးနောက်ပိုင်း စုံတွဲပုံလေးတွေပဲ တင်နေတဲ့ သဥ္ဇာတစ်ယောက် ဒီတစ်ခါလည်း အမဖြစ်သူရဲ့ မင်္ဂလာပွဲကို စုံတွဲတက်ထားတဲ့ ပုံလေးတွေကို သူမက တင်ထားပါသေးတယ်။ ဒီ မင်္ဂလာဆောင်မှာတော့ သဥ္ဇာနွယ်ဝင်းတို့ မိသားစုနဲ့ ညီမတွေကို စုံစုံလင်လင်တွေ့ရပါတယ်။ ဒါ့ပြင် ညီအမ ငါးယောက်ရိုက်ထားတဲ့ ဓာတ်ပုံလေးကလည်း တကယ်ကို အလှတွေချည်းစုထားသလိုပါပဲ။

ဒီမင်္ဂလာပွဲမှာတော့ သဥ္ဇာတစ်ယောက် အဝါရောင်မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမအသားအရေနဲ့ လိုက်ဖက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်တွေကအရမ်းလှတဲ့အချိန်ဆိုတာကိုတော့ ဒီဓာတ်ပုံလေးတွေထဲက သဥ္ဇာက သက်သေပြနေပါတယ် ပရိသတ်ကြီးရေ....

Source: Thinzar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။