ပြင်သစ်လီဂူးကလပ် မိုနာကို အသင်း၏ ကွင်းလယ်လူ ဘာကာယိုကို သည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီးဟု အားကစားမီဒီယာများကဖော်ပြလျက်ရှိပါတယ်။ 

အသက် ၂၂နှစ်အရွယ်ရှိ ပြင်သစ်လက်ရွှေးစင်ကစားသမား မိုနာကို အသင်း၏ ကွင်းလယ်လူ ဘာကာယိုကိုုသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းနှင့် ဆေးစစ်မှုခံယူရန်သာကျန်ရှိတော့သည်ဟု သိရှိရသည်။ 

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းနှင့် ပြင်သစ်လီဂူးကလပ် မိုနာကို အသင်းသည် ကွင်းလယ်လူ ဘာကာယိုကို အတွက် ပြောင်းရွှေ့ကြေး ပေါင်၃၅သန်းဖြင့် သဘောတူညီမှုရခဲ့ကြောင်း သတင်းများအရသိရှိရသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။