ယခုအခါတန်းဆင်းသွားပြီဖြစ်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်း၏တိုက်စစ်မှူး ဂျာမိန်းဒီဖိုးကတော့ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဘုန်းမောက်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ 

အသက် ၃၄နှစ်ရှိပြီးဖြစ်တဲ့ အင်္ဂလန်ဘောလုံးကစားသမား ဆန်းဒါးလန်းအသင်း၏တိုက်စစ်မှူး ဂျာမိန်းဒီဖိုးက ဘုန်းမောက်အသင်းနှင့် ၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်၁သိန်း၃သောင်းရရှိမှာပါ။ 

ဆန်းဒါးလန်းအသင်း၏တိုက်စစ်မှူး ဂျာမိန်းဒီဖိုးက ဘုန်းမောက်အသင်းတွင် ၂၀၀၀-၀၁ ဘောလုံးရာသီကလည်း အငှားသွားရောက်ကစားခဲ့ဖူးပြီး ထိုစဉ်က ဘုန်းမောက်အသင်းအတွက် ၂၉ပွဲကစားကာ ၁၈ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။